ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံခဲ့ပြီး လွတ်ရက်စေ့၍ လွတ်မြောက်လာသော မြန်မာနိုင်ငံသား ၁၅၂ ဦး ကော့သောင်းမြို့သို့ရောက်ရှိ

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံခဲ့ပြီး လွတ်ရက်စေ့၍ လွတ်မြောက်လာသော မြန်မာနိုင်ငံသား ၁၅၂ ဦး ကော့သောင်းမြို့သို့ရောက်ရှိ
Published 31 July 2024

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးနောက် လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားများ ကော့သောင်းမြို့သို့ ရောက်ရှိလာစဉ်

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၅၂ ဦးမှာ မြန်မာနိုင်ငံ ကော့   သောင်းမြို့သို့ ဇူလိုင် ၃၀ ရက်က ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ရွှေ့ ပြောင်းအလုပ်သမားများမှာ ပြစ်ဒဏ်ကျခံရ ပြီး လွတ်ရက်စေ့မှပြန်လည်လွတ်မြောက်လာ သူများဖြစ်ကာ ကော့သောင်းမြို့ ဘုရင့်နောင် အငူပတ်လမ်း အမှတ် (၂) ဘုရင့်နောင်တံတား သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများတွင် အမျိုးသား ၁၃၂ ဦး၊အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း ၁၅၂ ဦး ပါဝင်ကာ ထိုင်းနိုင်ငံ ရနောင်းမြို့အခြေစိုက် အ လုပ်သမားသံအရာရှိ ဦးမိုးဇော်က ပဲ့ချိတ် ၁၀ စင်းဖြင့် တင်ဆောင်လာကာ ကော့သောင်း မြို့သို့ လာရောက် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ရွှေ့ ပြောင်းလုပ်သားများကို  ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ကျန်းမာ ရေးစစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက် များရယူခြင်း၊ အမည်မည်းစာရင်းပါဝင်သူများ ဟုတ် မဟုတ် စစ်ဆေးခြင်း၊ တရားခံပြေးများ ပါဝင်ခြင်းရှိ မရှိစစ်ဆေးခြင်း၊ကိုဗစ်ကူးစက် ထားခြင်းရှိ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင် ငံသားများကို စစ်ဆေးပြီးနောက် ရောဂါပိုးရှိ သူများ၊ ကော့သောင်းဒေသခံများမှအပ ကျန် တိုင်းနှင့် ဒေသအသီသီးမှ နေထိုင်သူများကို နေရပ်ပြန်နိုင်ရန်စီ စဉ်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မိုးဦး (မြိတ်)

Most Read

Most Recent