ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင် နေရသည့် ပြည်သူများအနေဖြင့် အရေးပေါ်စားနပ်ရိက္ခာနှင့် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင် နေရသည့် ပြည်သူများအနေဖြင့် အရေးပေါ်စားနပ်ရိက္ခာနှင့် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး ထုတ်ပြန်
Published 19 June 2024

ရှမ်းပြည်နယ် တောင်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ဘေးရှောင် နေရသည့် ပြည်သူများအနေဖြင့် အရေးပေါ် စားနပ်ရိက္ခာနှင့် အခြေခံကျန်းမာရေးစောင့် ရှောက်မှုများ လိုအပ်နေကြောင်း ပအိုဝ်းလူ ငယ် အစည်းအရုံး (PYO) က သတင်းထုတ် ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှ ဇွန် ၈ ရက် အထိ လေးလကျော်အတွင်း ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့ နယ်၊ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ် တို့တွင် တိုက်ပွဲများဖြစ်ပွားသည့်အခြေအနေ များကို စစ်တမ်းကောက်ယူပြီး ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ထုတ်ပြန်ရာ၌ အ ထက်ပါအချက်ကို ထည့်သွင်းဖော်ပြထား ခြင်းလည်း ဖြစ်သည်။

ရှမ်းပြည်နယ် တောင်ပိုင်း လက်နက် ကိုင်ပဋိပက္ခများကြောင့် ဆီဆိုင်၊ ညောင်ရွှေ နှင့် ပင်လောင်းမြို့နယ်တို့တွင် စစ်ဘေးတိမ်း ရှောင်နေရဆဲဖြစ်ပြီး လက်ရှိတွင် စစ်ဘေး တိမ်းရှောင်နေရသည့် အရပ်သားဦးရေ ၅၃ç ၄၀၀ ခန့် ရှိနေကြောင်း ပအိုဝ်းလူငယ် အ စည်းအရုံး (PYO) က သတင်းထုတ်ပြန် သည်။

ယင်းမြို့နယ်များအနက် ဆီဆိုင်မြို့ နယ်တွင် စစ်ဘေးရှောင် အများဆုံးဖြစ်နေပြီး ထိုအထဲမှ ၁၅၀၀၀ နှင့် အထက်ခန့်သည် ကယားပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူ များ ဖြစ်ကြောင်းနှင့် ပင်လောင်း၊ ညောင်ရွှေ၊ တောင်ကြီးနှင့် ဟိုပုံးတို့တွင်လည်း ကယား ပြည်နယ်မှ စစ်ဘေးရှောင်များ လာရောက်ခို လှုံနေကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က သတင်းထုတ်ပြန်သည်။

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသူများအနေဖြင့် အချိန်ကြာလာသည်နှင့်အ မျှ အရေးပေါ်စားနပ်ရိက္ခာနှင့် သောက်သုံး ရေ လိုအပ်ချက်များစွာရှိနေသည့်အပြင် အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ လို အပ်နေသကဲ့သို့ ဆေးဝါးများ အကူအညီများ လည်း လိုအပ်လျက်ရှိကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ရှမ်းပြည်နယ် တောင်ပိုင်း ၌ စစ်ဘေးရှောင် ၅၀၀၀၀ ကျော်သာ ကျန်ရှိ သော်လည်း လက်နက်ကိုင်ပဋိပက္ခအတွင်း ကျန်ခဲ့သည့် မြေမြှုပ်မိုင်းအန္တရာယ်သည် ဒေ သခံများ၏ အသက်အန္တရာယ်ကို ထိခိုက်စေ သည့်အပြင် စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေမြှုပ်မိုင်းနှင့် ကြွင်းကျန်လက်နက်အန္တ ရာယ်ကလည်း ကြီးမားနေကြောင်း၊ ထိုသို့ အန္တရာယ်များရှိနေခြင်းကြောင့် စိုက်ပျိုးမြေ အဖြစ် အသုံးပြု၍ မရသည့် စိုက်ပျိုးမြေအများအပြားရှိနေကြောင်း ပအိုဝ်းလူငယ် အ စည်းအရုံး (PYO) က သတင်းထုတ်ပြန် သည်။

ရှမ်းပြည်တောင်ပိုင်းတွင် တပ်မတော်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်နှင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မ တော် (PNLA) မဟာမိတ်တပ်တို့အကြား လက်နက်ကိုင်ပဋိပက္ခများကြောင့် လေးလ ကျော်အတွင်း အရပ်သား ၇၇ ဦး သေဆုံးပြီး ၁၀၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က သတင်းထုတ်ပြန် သည်။

အရပ်သားများ ထိခိုက်သေဆုံးဒဏ်ရာ ရသည့် အကြောင်းရင်းများထဲတွင် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းနှင့် ဗုံးကြဲမှုများ ပါဝင်ကြောင်း ပအိုဝ်း လူငယ် အစည်းအရုံး (PYO) က ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လက်နက် ကိုင်ပဋိပက္ခအတွင်း လေကြောင်းတိုက်ခိုက် မှု ၄၆၃ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၃၅၃၈ ကြိမ်၊ အဆောက်အအုံ ထိခိုက်ပျက်စီးမှု ၇၀၈ ခု ရှိကြောင်း ပအိုဝ်းလူငယ် အစည်းအ ရုံး (PYO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အဆောက်အအုံ ထိခိုက်ပျက်စီးမှု၏ ၉၀ ရာခိုင်နှုန်းသည် လေကြောင်းတိုက်ခိုက် မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းနှင့် ဗုံး ကြဲမှုများကြောင်းဖြစ်ကြောင်း ပအိုဝ်းလူ ငယ် အစည်းအရုံး (PYO) က ပြောကြား သည်။

ပအိုဝ်းလူငယ် အစည်းအရုံး (PYO) အနေဖြင့် လက်လှမ်းမှီရရှိသည့် မြေပြင်သတင်း အချက်အလက်များနှင့် အွန်လိုင်းသတင်း အချက်အလက်များအပေါ်တွင် အခြေ ခံ၍ ထုတ်ပြန်ခြင်းဖြစ်ပြီး မြေပြင်တွင် ယင်းကိန်း ဂဏန်းများထက် ပိုမိုများပြားနိုင်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ဆို သည်။

ဆီဆိုင်မြို့နယ်တွင် လက်နက်ကိုင်ပဋိ ပက္ခများ ပြင်းထန်နေသောကြောင့် ဒေသခံ များအနေဖြင့် မြို့အတွင်းသို့ ဝင်ရောက်ခြင်း၊ နေအိမ်ပြန်ကြည့်ခြင်းများ မပြုလုပ်ရန်နှင့် လက်နက်ကိုင်ပဋိပက္ခများနှင့် ကင်းဝေးသည့် နေရာများတွင် ယာယီခိုလှုံနေထိုင်ကြရန် PNLA ဘက်က ထုတ်ပြန်ထားသည်။

Most Read

Most Recent