ကော့သောင်းမြို့နှင့် မြိတ်မြို့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး သစ်ပင်များ ကျိုးကျမှုဖြစ်ပွား

ကော့သောင်းမြို့နှင့် မြိတ်မြို့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး သစ်ပင်များ ကျိုးကျမှုဖြစ်ပွား
Published 1 June 2024
ဇော်မိုးဦး (မြိတ်)

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်း မြို့နှင့်မြိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်း မှုဖြစ်ပေါ်ပြီး သစ်ပင်များ ကျိုးကျမှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။

ကော့သောင်းမြို့၊အဏ္ဏဝါရပ်ကွက်၊ ပြည်တော်အေးဘုရားအနီး တပ်ကုန်းလမ်း တွင် မေ ၃၁ ရက် နံနက်အချိန်က မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်လဲကျခြင်း၊ နေအိမ်ခေါင်မိုးအပေါ် ပိမိခြင်းဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။

ကော့သောင်းခရိုင် မီးသတ်စခန်းမှ တာဝန်ရှိသူများက သွားရောက်ရှင်းလင်းခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားမှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ စန္ဒဝတ် ကျေးရွာ အုပ်စု၊ ရွှေပေးကျေးရွာ၊ မြိတ်-ကျွဲ ကူးလမ်းမကြီးပေါ်သို့ မေ ၃၁ ရက် မွန်းလွဲ အချိန်ကသစ်ပင်လဲကျရာမှ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်ပွားရာနေရာသို့ မြိတ်မြို့နယ် မီး သတ်စခန်းမှသွားရောက်ကာ လမ်းပိတ်ဆို့နေ မှုအား ဖယ်ရှားရှင်းလင်းပေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းမုတ် သုံ ဝင်ရောက်ပြီးနောက် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာ သွန်းနေသလိုပင်လယ် ပြင်အတွင်းလှိုင်းလေ ပြင်းထန်မှုကြောင့် ကုန် တင်လှေနှင့်ခရီးသည်တင် ရေယာဉ်များအား တာဝန်ရှိသူများက သတိပေးချက်ထုတ်ပြန် ထားရကြောင်း သိရသည်။

 

Most Read

Most Recent