ဆက်စ်ကိုအား ဇွန်လအတွင်း ခေါ်ယူနိုင်ရန် အာဆင်နယ်အသင်း လိုလားနေ

ဆက်စ်ကိုအား ဇွန်လအတွင်း ခေါ်ယူနိုင်ရန် အာဆင်နယ်အသင်း လိုလားနေ
Photo: Fabrizio
Photo: Fabrizio
Published 3 June 2024

အာဆင်နယ်အသင်းသည် လိုက်ပ်ဇစ်အသင်းမှ ဆလိုဗေးနီးယားတိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုအား ဇွန်လအတွင်း ခေါ်ယူနိုင်ရန် လိုလားနေကြောင်း သိရသည်။

ဆက်စ်ကို(၂၁ နှစ်)က အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့လိုကြောင်း ဝန်ခံထားခဲ့ပြီးဖြစ်သော်လည်း ၎င်း၏ ယူရို(၆၅)သန်းတန် လျော်ကြေးစာချုပ်မှာ ဇွန်လကုန်အထိသာ အကျုံးဝင်မည်ဖြစ်သောကြောင့် အာဆင်နယ်အသင်းက ဇွန်လအတွင်း ခေါ်ယူနိုုင်ရန် လိုလားနေခြင်းဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဒုတိယတိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း ထိပ်တန်းတိုက်စစ်မှူး အားဖြည့်ရန် စီစဉ်နေခြင်းဖြစ်သည်။

 

Most Read

Most Recent