အငြင်းပွားစရာ ရွေးကောက်ပွဲရလဒ်ကြောင့် ဗင်နီဇွဲလားနိုင်ငံတွင် ရွေးကောက်ပွဲအသစ်ပြုလုပ်ရန် ဘရာဇီးနှင့် ကိုလံဘီယာသမ္မတတို့က တောင်းဆို

အငြင်းပွားစရာ ရွေးကောက်ပွဲရလဒ်ကြောင့် ဗင်နီဇွဲလားနိုင်ငံတွင် ရွေးကောက်ပွဲအသစ်ပြုလုပ်ရန် ဘရာဇီးနှင့် ကိုလံဘီယာသမ္မတတို့က တောင်းဆို
ဝေဖန်သူများကို အရေးယူမည့် ဥပဒေများအား ပြဋ္ဌာန်းရန်ကြိုးစားနေသည့် ဗင်နီဇွဲလားလွှတ်တော်ကို သြဂုတ် ၁၅ ရက်တွင် တွေ့ရစဉ်(Photo:AFP)
ဝေဖန်သူများကို အရေးယူမည့် ဥပဒေများအား ပြဋ္ဌာန်းရန်ကြိုးစားနေသည့် ဗင်နီဇွဲလားလွှတ်တော်ကို သြဂုတ် ၁၅ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 16 August 2024

အာဏာရှင်နီကိုလက်စ်မာဒူရို  ခိုးယူသွားသည်ဟု အတိုက်အခံကပြောသော လွန်ခဲ့သောလ၏ ရွေးကောက်ပွဲကို နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများရှိလာခဲ့ပြီးနောက် ဘရာဇီးနှင့်ကိုလံဘီယာ သမ္မတတို့ကဗင်နီဇွဲလားတွင် လောလောလတ်လတ် ရွေးကောက်ပွဲကျင်းပရန် သြဂုတ် ၁၅ ရက်တွင် တောင်းဆိုခဲ့ကြသည်။         

တောင်အမေရိက ခေါင်းဆောင်နှစ်ဦးသည် ဗင်နီဇွဲလား၏ရွေးကောက်ပွဲလွန် အကျပ်အတည်းမှ ရှေ့ဆက်မည့် နိုင်ငံရေး နည်းလမ်းတစ်ရပ်ကို သြဂုတ် ၁၄ ရက်တွင် ဖုန်းဆက်ဆွေးနွေးခဲ့ကြပြီး ရွေးကောက်ပွဲ အသစ်ကျင်းပရန် မာဒူရိုကို သီးခြားစီတိုက် တွန်းခဲ့ကြသည်။

ရွေးကောက်ပွဲ အသစ်ကျင်းပခြင်းသည် ဇူလိုင် ၂၈ ရက်တွင် ထုတ်ဖော်ပြသခဲ့သော လူထုဆန္ဒကို လေးစားမှုကင်းမဲ့ကြောင်း ပြသမှုဖြစ်သည်ဟု ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာကော်ရီနာမာချာဒိုက ပြောကြားခဲ့သည်။

“ဗင်နီဇွဲလားမှာဖြစ်နေတဲ့ ပဋိပက္ခကို ဗင်နီဇွဲလားပြည်သူတွေကပဲ သူတို့ရဲ့အဖွဲ့အစည်းတွေ၊ဥပဒေတွေ၊ ဖွဲ့စည်းပုံ အ‌ခြေခံ ဥပဒေတို့နဲ့ပဲ ဖြေရှင်းတာပါ”ဟု ရွေးကောက်ပွဲအသစ်ကို တိုက်ရိုက်ရည်ညွှန်းခြင်းမရှိဘဲ မာဒူရိုက ပြောကြားခဲ့သည်။

“မာဒူရိုက စဉ်းစားချင့်ချိန်မယ်ဆိုရင် သူဟာ ဗင်နီဇွဲလားပြည်သူတွေကို မေတ္တာရပ်ခံဖို ကြိုးစားနိုင်ပါတယ်။ ရွေးကောက်ပွဲ အသစ်ကျင်းပဖို့ကိုတောင် မေတ္တာရပ်ခံနိုင်ပါတယ်”ဟု ဘရာဇီးသမ္မတ လူးဝစ်အင်နာစီ ယိုလူလာဒါဆေးလ်ဗားက စောစောပိုင်းတွင် ပြောကြားခဲ့သည်။

တစ်ကမ္ဘာလုံးက စောင့်ကြည့်သူတွေကို ခွင့်ပြုသင့်တဲ့ ရွေးကောက်ပွဲအသစ်တွင်  ကိုယ်စားလှယ် အားလုံးပါဝင်ရေးအတွက် မှတ်ကျောက်ရှိသင့်တယ်”ဟု လူလာက ဘရာဇီးအသံလွှင့်ဌာနကို ပြောကြားခဲ့သည်။

ဗင်နီဇွဲလားကို ပိတ်ပင်ထားမှုမှန်သမျှအား ဖွင့်ပေးရန်၊ အထွေထွေနိုင်ငံအဆင့် လွတ်ငြိမ်းချမ်းသာခွင့်နှင့် နိုင်ငံတကာအဆင့် လွတ်ငြိမ်းချမ်းသာခွင့်၊ လွတ်လပ်သော ရွေးကောက်ပွဲအသစ်၊ အသွင်ပြောင်း ပူးပေါင်းအစိုးရဟူ၍ ရေးသားကာ ကိုလံဘီယာသမ္မတ ဂတ်စတာဗို ပီထရိုက ဆိုရှယ်မီဒီယာ X တွင် တောင်းဆိုခဲ့သည်။

 ၀ါရှင်တန်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဗင်နီဇွဲလားကိုချမှတ်ထားသော ပိတ်ဆို့မှုများအား ရုပ်သိမ်းရန် အချက်ပြခဲ့ သည်ဆိုသော်လည်း အိမ်ဖြူတော်က ဘိုင်ဒင်၏ မှတ်ချက်စကားကို ပြန်လည်ရုပ်သိမ်းသွားခဲ့ပြီး ဇူလိုင် ၂၈ ရက် ဗင်နီဇွဲလားရွေးကောက်ပွဲတွင် သန့်သန့်ရှင်းရှင်းမရှိခဲ့သော မာဒူရိုနှင့် ၎င်း၏ကိုယ်စားလှယ်များ ရယ်စရာကောင်းပုံကို ဘိုင်ဒင်က ပြောကြားခဲ့ခြင်းဖြစ်သည်ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“ဂွန်ဇာလက်အာရူတီးယား အနိုင်ရခဲ့တာ အလွန်ရှင်းနေပါတယ်”ဟု အမေရိကန် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ပြည်ပခေါင်းဆောင်များ၏ ပြောကြားမှုများနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ မာဒူရိုက “ကျွန်တော်တို့ဟာ သံခင်းတမန် ခင်းကို မိုက်ကရိုဖုန်းနဲ့မလုပ်ပါဘူး။ ပြည်တွင်းရေးရာ စီမံခန့်ခွဲတာကို သမ္မတတိုင်း၊ နိုင်ငံတိုင်းက သိကြပါတယ်ဟု ပြောကြားခဲ့သည်။

နေရာတိုင်းတွင် မဲမသမာမှုများရှိနေသည့်တိုင် အတိုက်အခံကနိုင်သည်ဟု အတိုက်အခံခေါင်းဆောင် မာချာဒိုက ပြောကြား ခဲ့သည်။

Ref:AFP