ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ တိုင်းပြည်မှ ထွက်ပြေးသွားပြီဖြစ်၍ စစ်တပ်က အာဏာလွှဲယူကာ ကြားဖြတ်အစိုးရဖွဲ့မည်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ တိုင်းပြည်မှ ထွက်ပြေးသွားပြီဖြစ်၍ စစ်တပ်က အာဏာလွှဲယူကာ ကြားဖြတ်အစိုးရဖွဲ့မည်
ရာထူးမှနုတ်ထွက်သွားသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာအား မေ ၂၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ တွေ့ရစဉ်(Photo: AFP)
ရာထူးမှနုတ်ထွက်သွားသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာအား မေ ၂၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ တွေ့ရစဉ်(Photo: AFP)
Published 5 August 2024

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ တိုင်းပြည်မှ ထွက်ပြေးသွားပြီဖြစ်၍ စစ်တပ်က အာဏာလွှဲယူကာ ကြားဖြတ်အစိုးရဖွဲ့မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲက သြဂုတ် ၅ ရက်တွင် နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် အတည်ပြုပြောကြားခဲ့သည်။

ဟာဆီနာသည် နိုင်ငံတစ်ဝန်းဖြစ်ပွားနေသော ဆန့်ကျင်ဆန္ဒပြမှုများကို ထိန်းချုပ်ရန် ဇူလိုင်လအစောပိုင်းကတည်းက ကြိုးပမ်းခဲ့သော်လည်း သြဂုတ် ရက်က လူ ၁၀၀ နီးပါး သေဆုံးခဲ့သည့် ဆူပူဆန္ဒပြမှုဖြစ်ပွားအပြီး တစ်ရက်အကြာတွင် နိုင်ငံထဲမှရဟတ်ယာဉ်ဖြင့် ထွက်ပြေးသွားသည်ဟု ၎င်းင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက AFP သတင်းဌာနကို ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ၀ါကာ-အူဇ်-ဇာမန်က ဝန်ကြီးချုပ်ဟာဆီနာ ရာထူးမှနုတ်ထွက်သွားကြောင်း အတည်ပြုခဲ့ပြီး စစ်တပ်က ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တိုင်းပြည်အတွက် ထိခိုက်ဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ပြီး စီးပွားရေးလည်း ထိခိုက်ခဲ့တယ်။ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရလို့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့အချိန်တန်ပြီဟု ၀ါကာက ဆိုသည်။

သြဂုတ် ရက်က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ၎င်းင်း၏အိမ်တော်မှ စွန့်ခွာထွက်ပြေးသွားပြီးနောက် ဝမ်းသာအားရဖြစ်နေသည့် ဆန္ဒပြသူများသည် ၎င်းင်း၏အိမ်တော်ထဲသို့ စီးနင်းဝင်ရောက်ခဲ့သည်။

သြဂုတ် ရက် နံနက်ပိုင်းက ပျော်ရွှင်မြူးတူးနေပုံရသည့် ဆန္ဒပြလူအုပ်ကြီးသည် အလံများဝှေ့ယမ်းခဲ့ပြီး အချို့ကမူ ဒါကာမြို့ရှိ လမ်း မပေါ်တွင်ရပ်ထားသည့် တင့်ကားတစ်စီးပေါ်သို့တက်ကာ ကခုန်ခဲ့သည်။ ထို့နောက် ရာနှင့်ချီသည့် ဆန္ဒပြသူများသည် ဟာဆီနာ၏ အိမ်တော်ထဲသို့ စီးနင်းဝင်ရောက်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ရုပ်သံဌာနတစ်ခုဖြစ်သည့် Channel 24 က ဟာဆီနာ၏ ခြံဝင်းထဲသို့ လူအုပ်ကြီးက အပြေးအလွှား ဝင်ရောက်နေပုံနှင့် ကင်မရာများရှိရာသို့ လက်ဝှေ့ယမ်းကာ အောင်ပွဲခံနေပုံတို့ကို ထုတ်လွှင့်ခဲ့သည်။

၇၆ နှစ်အရွယ် ဟာဆီနာသည် ၎င်းင်း၏ အိမ်တော်မှ ပိုမိုလုံခြုံသည့် နေရာတစ်ခုသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း ၎င်းင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက AFP သတင်းဌာနကို ပြောကြားခဲ့သည်။

ဆန္ဒပြသူများက ဟာဆီနာ၏ ခြံဝင်းထဲသို့ စီးနင်းမဝင်ရောက်မီတွင် ဟာဆီနာ၏ သားဖြစ်သူက ၎င်းင်း၏မိခင်ထံမှ အာဏာလွှဲယူမည့် ကြိုးပမ်းမှုမှန်သမျှကို တားဆီးရန်လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်တွန်းခဲ့သည်။

သင်တို့ရဲ့တာဝန်ဟာ လူထုနဲ့ တိုင်းပြည်ကို ဘေးကင်းအောင် စောင့်ရှောက်ဖို့နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းဖို့ပဲဖြစ်တယ်ဟု ဟာဆီနာ၏ သားဖြစ်သူ ဆာဂျိ ၀ါဇက်ဂျွိုင်းက Facebook ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။ ၎င်းင်းသည် အမေရိကန်တွင် အခြေစိုက်နေထိုင်သူဖြစ်သည်။

အစိုးရအလုပ်အကိုင် ခွဲတမ်းသတ်မှတ်ချက်အပေါ် ကျောင်းသားများဦးဆောင်၍ အဓိကရုဏ်းဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့် တစ်လျှောက်လုံးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဟာဆီနာ၏ အစိုးရကို ထောက်ခံခဲ့သည်။  ဆန္ဒပြသူများသည် ကာဖျူးထုတ်ပြန်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံးနှိမ်နင်းခြင်းတို့နှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဟာဆီနာ နုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြမှုများကိုပင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့သည်။

သြဂုတ် ရက်က ဖြစ်ပွားခဲ့သည့် ဆူပူဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့ဝင် ၁၄ ဦး အပါအဝင် လူပေါင်း ၉၄ ဦးထက်မနည်း သေဆုံးခဲ့ပြီးဆန္ဒပြမှုများကြောင့် တစ်ရက်အတွင်း သေဆုံးမှုအများဆုံးဖြစ်သည်။     

Ref: AFP

Most Read

Most Recent