ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ တိုင်းပြည်မှထွက်ပြေးသွားပြီးနောက် ပါလီမန်ကို ဖျက်သိမ်းကြောင်း သမ္မတရုံး ထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ တိုင်းပြည်မှထွက်ပြေးသွားပြီးနောက် ပါလီမန်ကို ဖျက်သိမ်းကြောင်း သမ္မတရုံး ထုတ်ပြန်
Published 6 August 2024

 

ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုသည့် အဓိကရုဏ်း ဆန္ဒပြပွဲများ ဖြစ်ပွားပြီးနောက် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးမှ နုတ်ထွက်ကာ နိုင်ငံထဲမှ ထွက်ပြေးသွားပြီး တစ်ရက်အကြာ၌ ဘင်္ဂလားဒေ့ရှ်ပါလီမန်ကို သြဂုတ် ၆ ရက်တွင် ဖျက်သိမ်းကြောင်း သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဆန္ဒပြ ကျောင်းသားခေါင်းဆောင်များ က ပါလီမန်ဖျက်သိမ်းရန် နောက်ဆုံးသတ် မှတ်ချိန်ပေးခဲ့ပြီး ထိုသတ်မှတ်ချိန် မပြည့်မီ တွင် ပါလီမန် ဖျက်သိမ်းခြင်းမပြုပါက တင်းကျပ်သော အစီအမံတစ်ရပ်ကို စတင်မည်ဟု သတိပေးခဲ့ပြီး နာရီပိုင်းအကြာတွင် ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

စစ်တပ်က တိုင်းပြည်အာဏာကို ထိန်းသိမ်းခဲ့ပြီး တစ်ရက်အကြာတွင် နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်အား ယာယီအစိုးရ၏ ခေါင်းဆောင်အဖြစ် ထားရှိရန် ဆန္ဒပြကျောင်း သားခေါင်းဆောင်များက တောင်းဆိုခဲ့သည်။

၇၆ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း ဟာ ဆီနာသည် ၂၀၀၉ ခုနှစ်ကတည်းက အာဏာ ရယူခဲ့ခြင်း ဖြစ်သော်လည်း ဇန်နဝါရီလ ရွေး ကောက်ပွဲတွင် မသမာမှုများ ပြုလုပ်ခဲ့သည် ဟု စွပ်စွဲခံခဲ့ရသည်။

ထို့ပြင် အစိုးရအလုပ်အကိုင် ခွဲတမ်း သတ်မှတ်ချက်အပေါ် ကျောင်းသားများဦး ဆောင်၍ အကြီးအကျယ် ဆန္ဒပြမှုများဖြစ် ပွားခဲ့ပြီး နောက်ပိုင်းတွင် ဟာဆီနာကို ရာထူး မှနုတ်ထွက်ပေးရန် လူသန်းနှင့်ချီ  လမ်းပေါ် ွက်၍ ဆန္ဒပြခဲ့သည်။

သြဂုတ် ၅ ရက်က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ၎င်း၏အိမ်တော်မှ စွန့်ခွာထွက်ပြေးသွားပြီးနောက် ဝမ်းသာအားရဖြစ်နေသည့် ဆန္ဒပြသူများသည် ၎င်း၏အိမ်တော်ထဲသို့ စီးနင်းဝင်ရောက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များကဆူပူဆန္ဒပြမှုများအား နှိမ်နင်းမှုအတွင်း လူရာနှင့်ချီ သေ ဆုံးခဲ့သော်လည်း ဆန္ဒပြမှုများ အရှိန်အဟုန် မြင့်တက်လာသည့်အတွက် ဟာဆီနာသည် သြဂုတ် ၅ ရက်က ရဟတ်ယာဉ်ဖြင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ၀ါ ကာ-အူဇ်-ဇာမန်က ဝန်ကြီးချုပ်ဟာဆီနာ ရာထူးမှနုတ်ထွက်သွားကြောင်း အတည်ပြုခဲ့ ပြီး စစ်တပ်က ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့ စည်းမည်ဖြစ်ကြောင်း ရုပ်သံမှတစ်ဆင့် ပြော ကြားခဲ့သည်။

၀ါကာသည် ၈၄ နှစ်အရွယ် အသေးစား ငွေကြေးလုပ်ငန်းကို ဦးဆောင်ခဲ့သည့် ယူ နွတ်အား အစိုးရအဖွဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်ရန် တောင်းဆိုထားသည့် ကျောင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံ မည်ဖြစ်သည်။

၀ါကာသည် သြဂုတ် ၅ ရက် နှောင်းပိုင်း တွင် သမ္မတ မိုဟာမက် ရှာဟာဘူဒင်နှင့်တွေ့ ဆုံခဲ့သည့်အပြင် အထင်ကရ အတိုက်အခံ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။

သြဂုတ် ၆ ရက်တွင် မြို့တော်ဒါကာရှိ လမ်းမများသည် ငြိမ်းငြိမ်းချမ်းချမ်းရှိနေခဲ့ ပြီး ယာဉ်အသွားအလာများကို ပြန်လည်မြင် တွေ့ခဲ့ရကာ စျေးဆိုင်များလည်း ပြန်ဖွင့်နေပြီ ဖြစ်ကြောင်း သိရသည်။ သို့သော် အစိုးရရုံး များကိုမူ ပိတ်ထားဆဲဖြစ်သည်။

စစ်တပ်အကြီးအကဲ ၀ါကာ၏ ကြေညာ ချက် ထွက်ပေါ်လာပြီးနောက် မြို့တော်ဒါကာ ရှိ လမ်းမများပေါ်သို့ လူသန်းနှင့်ချီ ထွက်လာ ခဲ့ပြီး အောင်ပွဲခံခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီ ဒါ ဇီယာသည် နှစ်အတန်ကြာ နေအိမ်အ ကျယ်ချုပ် ကျခံရပြီးနောက် ပြန်လွတ်မြောက် လာသည်ဟု ၎င်းင်း၏ပါတီဖြစ်သည့် ဘင်္ဂလား ဒေ့ရှ် အမျိုးသားရေးပါတီ (BNP ) က ပြော ကြားခဲ့သည်။ စစ်တပ်က အာဏာထိန်းချုပ်ခဲ့ ပြီးနောက် ၎င်းင်းအားပြန်လွှတ်ပေးရန် ညွှန် ကြားခဲ့ပြီး တစ်ရက်အကြာတွင် ၎င်းင်းပြန်လွတ် မြောက်လာခြင်းဖြစ်သည်။         Ref: AFP

 

 

 

သြဂတ် ၅ ရက်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာဆီနာ နုတ်ထွက်သွားပြီးနောက် အောင်ပွဲခံနေသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လက်ဆွဲနှုတ်ဆက်နေပုံကို တွေ့ရစဉ် Photo : Reuters

Most Read

Most Recent