ရုရှားနို်င်ငံတွင် ကျင်းပသည့်  ၂၀၂၄ စီးပွားရေးဖိုရမ်တွင် ရုရှားက အမေရိကန်ဒေါ်လာ ၇၁ ဘီလျံကျော်ရှိ စီးပွားရေးဆို်င်ရာ လုပ်ငန်းစာချုပ်များ ချုပ်ဆို

ရုရှားနို်င်ငံတွင် ကျင်းပသည့်  ၂၀၂၄ စီးပွားရေးဖိုရမ်တွင် ရုရှားက အမေရိကန်ဒေါ်လာ ၇၁ ဘီလျံကျော်ရှိ စီးပွားရေးဆို်င်ရာ လုပ်ငန်းစာချုပ်များ ချုပ်ဆို
Photo: Reuters, AFP
Photo: Reuters, AFP
Published 10 June 2024

ရုရှားနို်င်ငံတွင် ကျင်းပသည့်  ၂၀၂၄ စီးပွားရေးဖိုရမ်တွင် ရုရှားက အမေရိကန်ဒေါ်လာ ၇၁ ဘီလျံကျော်ရှိ စီးပွားရေးဆို်င်ရာ လုပ်ငန်းစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း  ရုရှားသမ္မတရုံး အကြံပေး SPIEF စည်းရုံးရေး ကော် မတီ၏အမှုဆောင်အတွင်းရေးမှူး အန်တန်ကိုဗျာကော့က ပြောကြားသည်။

စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်(SPIEF) သဘောတူစာချုပ် နှင့်ကန်ထရိုက် ၁,၀၀၀ နီးပါးကို လက်မှတ်ရေးထိုးခဲ့သည်ဟု ရုရှားသမ္မတရုံးအကြံပေး SPIEF စည်းရုံးရေး ကော် မတီ၏အမှုဆောင်အတွင်းရေးမှူး အန်တန်ကိုဗျာကော့က ပြောကြားသည်။

ရုရှားအပါအဝင် ၁၃၉ နိုင်ငံမှ လူ ၂၁,၃၀၀ တက်ရောက်ခဲ့သည်ဟု ဖိုရမ်၏ဇွန် ၈ ရက် နောက်ဆုံးပြုလုပ်သောသတင်း စာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံ ၉၀ ကျော်မှ ပြည်ပကုမ္ပဏီနှင့်ရုရှားကုမ္ပဏီ ၃,၅၅၀ သည် ယခုနှစ် ဖိုရမ်ကို တက်ရောက်ခဲ့ကြသည်ဟု ကိုဗျာကော့က ဖြည့်စွက်ပြောကြားခဲ့သည်။

“စီးပွားရေးအရ လျှို့ဝှက်ထားဖို့မဟုတ်တဲ့ ကိန်းဂဏန်းတွေကို ကျွန်တော်တို့ကြေညာထားပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

၅၉ နိုင်ငံသည် BRICS ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၊ ယူရေး ရှန်းစီးပွားရေးသမဂ္ဂ(EAEU)တို့ကို ဝင်ရောက်ရန် ဆန္ဒရှိနေကြသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး အဆိုပါအုပ်စုများသည်  ဝင်ရိုးပေါင်းစုံ ဖွ့ံဖြိုးတိုးတက်ရေးအယူအဆ  ပုံစံသစ်များဖြင့် ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ရန် အခွင့်အလမ်းများသစ်များကို ပေးနေသည်ဟုဆိုသည်။

“အခုချိန်မှာ ကမ္ဘာပေါ်မှာ မှီတင်းနေထိုင်သူအများစုဟာ ကျွန်တော်တို့နဲ့အတူရှိနေပါတယ်”ဟု ၎င်းက ပြောကြားခဲ့ပြီး ရုရှားနှင့် ရုရှား၏မဟာမိတ်နိုင်ငံများသည် ကမ္ဘာ့စီးပွားရေး၏ ၄၅ ရာခိုင်နှုန်းနီးပါးကို ကိုယ် စားပြုနေသည်ဟု ဆိုသည်။

တစ်ကမ္ဘာလုံး ဆက်စပ်အခြေအနေအားဖြင့် SCO ၏ အရေးပါမှုသည် တိုးလာနေသည်ဟု ရုရှားသမ္မတအကြံပေးက ပြောကြားခဲ့သည်။ တရုတ်၊ ရုရှား၊ ဗဟိုအာရှနိုင်ငံများအတွက် ဖိုရမ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ ဖိုရမ်သည် တိုးတက်လာနေပြီး အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်တို့ ပါဝင်နေသည်ဟုဆိုသည်။

“SCO ဟာ ပြောင်းလဲနေတဲ့ကမ္ဘာမှာ စီးပွားရေးအင်အားရဲ့ဗဟိုပြုရာနေရာသစ် ဖြစ်လာဖို့တာဆူနေပါတယ်”ဟု ကိုဗျာကော့က နိဂုံးချုပ်ပြောကြားခဲ့သည်။

ရုရှားမြောက်ပိုင်းမြို့တော်ဟုခေါ် သောစိန့်ပီတာစဘတ်သည် SPIEF ဖိုရမ်ကို ဇွန် ၅ ရက်တွင် လက်ခံကျင်းပခဲ့သည်။ ယခုနှစ်ဖိုရမ်၏အဓိကအကြောင်းအရာမှာ စီးပွားရေးတိုးတက်မှု၏နယ်ပယ်သစ်အုတ် မြစ်များဖြစ်သည့်ဝင်ရိုးစုံကမ္ဘာ၏ အခြေခံအုတ်မြစ်များဟူသောအကြောင်းအရာဖြစ်သည်။ သုံးရက်ကြာ ဖိုရမ်တွင် အုပ်စုဖွဲ့ဆွေးနွေးပွဲများ၊ နိုင်ငံတကာစီးပွားရေး ဆွေးနွေးပွဲများအပါအဝင် လုပ်ငန်းဆိုင်ရာအစည်း အဝေး ၄၀၀ ဝန်းကျင် ကျင်းပခဲ့သည်။     

Ref: RT

 

         

         

Most Read

Most Recent