တောင်ကိုရီးယားတွင် ဘက်ထရီစက်ရုံ မီးလောင်မှုကြောင့် လူတစ်ဦး သေဆုံးပြီး၂၁ ဦး ပျောက်ဆုံးနေ

တောင်ကိုရီးယားတွင် ဘက်ထရီစက်ရုံ မီးလောင်မှုကြောင့် လူတစ်ဦး သေဆုံးပြီး၂၁ ဦး ပျောက်ဆုံးနေ
Published 24 June 2024
Ref:AFP

ဇွန် ၂၄ ရက်က တောင်ကိုရီးယားရှိ လီသီယမ် ဘက်ထရီစက်ရုံတွင် အကြီးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အတွက် တစ်ဦးသေဆုံးပြီး ၂၁ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါလီသီယမ်ဘက်ထရီ စက်ရုံကို တောင်ကိုရီးယား၏ အထင်ကရ ဘက်ထရီထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သော Aricell က ပိုင်ဆိုင်ပြီး ယင်းစက်ရုံသည် တောင်ကိုရီးယား၏ မြို့တော် ဆိုးလ်မြို့တောင်ဘက်၊ ဟွာဆုန်မြို့တွင် တည်ရှိသည်။

“ကျွန်တော်တို့အတွင်း ဘက်ကိုဝင်ပြီး ကယ်ဆယ်ရေးအစီအစဉ်တွေ လုပ်လို့မရသေးပါဘူး။ မီးကိုထိန်းချုပ်နိုင်တာနဲ့ ကယ်ဆယ်ရေးလုပ်သွားမှာပါ” ဟု မီးသတ်ဝန်ထမ်းတစ်ဦးဖြစ်သူ ကင်ဂျင်ယောင်းက မီဒီယာများကို ပြောကြားခဲ့သည်။

“စက်ရုံဝန်ထမ်း ၂၁ ဦး ပျောက်ဆုံးနေပါတယ်။ ကုမ္ပဏီကပေးတဲ့ အချက်အလက်တွေအတိုင်း သူတို့ရဲ့ တည်နေရာကို ခြေရာခံဖို့ စီစဉ်နေတယ်” ဟု ၎င်းက ဆိုသည်။

“ဒီနေ့ စက်ရုံမှာအလုပ်လုပ်နေတဲ့ ဝန်ထမ်း ၆၇ ယောက်လောက်ရှိမယ်လို့ ခန့်မှန်းထားပေမဲ့ အရေအတွက် အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး” ဟု ၎င်းက ထပ်မံပြောကြားသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်တွင် လူတစ်ဦးသေဆုံးပြီး နောက်ထပ်တစ်ဦးမှာ ပြင်းထန်သော မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဒုတိယထပ်ရှိ ဘက်ထရီသိုလှောင်ခန်းတွင် ပေါက်ကွဲမှုစတင်ဖြစ်ပွားခဲ့သည်ဟု စက်ရုံဝန်ထမ်းများက ဆိုသည်။

Most Read