ဓာတ်အားပြတ်တောက်မှုဖြစ်ခဲ့သည့် မန်ချက်စတာလေဆိပ်၌ လေကြောင်းခရီးများ ပုံမှန်အတိုင်း ပြေးဆွဲမည်

ဓာတ်အားပြတ်တောက်မှုဖြစ်ခဲ့သည့် မန်ချက်စတာလေဆိပ်၌ လေကြောင်းခရီးများ ပုံမှန်အတိုင်း ပြေးဆွဲမည်
Published 24 June 2024
Ref:BBC

လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ခရီးသည် ၉၀၀၀၀ အထိ ဒုက္ခရောက်ခဲ့ရပြီး လေကြောင်းခရီးစဉ်များ ဖျက်သိမ်းရခြင်း၊ အချိန်ဇယားအတိုင်းဆိုက်ရောက်မည့် လေကြောင်းခရီးစဉ်များကို လမ်းကြောင်းပြောင်းခြင်းတို့လုပ်ဆောင်ခဲ့ရပြီးနောက် မန်ချက်စတာလေဆိပ်ရှိလေကြောင်း ခရီးစဉ်များသည် ပုံမှန်အခြေအနေအတိုင်း ပြန်လည်ပြေးဆွဲနေပြီဟု ဇွန် ၂၄ ရက်တွင် BBC သတင်းဌာနက ဖော်ပြခဲ့သည်။

လေဆိပ်ဝင်ပေါက် အမှတ်တစ်နှင့် အမှတ်နှစ်တို့တွင် စစ်ဆေးခြင်းများနှင့် ထွက်ခွာခြင်းများကို ယခုအခါ အပြည့်အဝ ပြန်လည်ဆောင်ရွက်ပေးနေပြီဟု နောက်ဆုံးအခြေအနေကို မန်ချက်စတာလေဆိပ်က ထုတ်ပြန်ခဲ့သည်။ 

ဇွန် ၂၄ ရက်တွင် နောက်ထပ်ကမောက်ကမ ဖြစ်စရာတို့ဖြစ်လာမည်ဟု မျှော်လင့်မထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ပယ်ဖျက်ထားသော ခရီးစဉ်များကို အချိန်ဇယားပြန်ဆွဲရန်နှင့် ခရီးဆောင်အိတ်မပါသော ခရီးသည်များ ပြန်လည်ပေါင်းစုံနိုင်ရန် ဆောင်ရွက်နေသည်ဟုဆိုသည်။

ဓာတ်ကြိုး ချို့ယွင်းခြင်းကြောင့် ဓာတ်အားပြတ်တောက်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ပြတ်တောက်ခဲ့ခြင်းကြောင့် လုံခြုံရေးစနစ်များ၊ အိတ်စစ်ဆေးမှုများ လုပ်ဆောင်၍မရဖြစ်ခဲ့သည်။

Most Read

Most Recent