ဖမ်းဆီးထားသော ငါးဖမ်းသင်္ဘောကို ပြန်လွှတ်ပေးရန် ထိုင်ဝမ်က တရုတ်ကို တိုက်တွန်း

ဖမ်းဆီးထားသော ငါးဖမ်းသင်္ဘောကို ပြန်လွှတ်ပေးရန် ထိုင်ဝမ်က တရုတ်ကို တိုက်တွန်း
ဇူလိုင် ၃ ရက်က တိုင်ပေမြို့ရှိ ကမ်းခြေစောင့်တပ်ဖွဲ့အုပ်ချုပ်ရေးရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့အကြီးအကဲ ရှဲ့ချိန်ချင်ကို တွေ့ရစဉ်(Photo:AFP)
ဇူလိုင် ၃ ရက်က တိုင်ပေမြို့ရှိ ကမ်းခြေစောင့်တပ်ဖွဲ့အုပ်ချုပ်ရေးရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့အကြီးအကဲ ရှဲ့ချိန်ချင်ကို တွေ့ရစဉ်(Photo:AFP)
Published 4 July 2024

ထိုင်ဝမ်၏ အစွန်အဖျား ကျွန်းများအနီးရှိ ရေပြင်များအတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် လူငါးဦးလိုက်ပါသွားသည့် ငါးဖမ်းသင်္ဘောတစ်စင်းကို ပြန်လွှတ်ပေးရန် ထိုင်ဝမ်က တရုတ်ကို တိုက်တွန်း ခဲ့သည်။

ထိုင်ဝမ် နှင့် တရုတ်အကြား လူသေဆုံးမှုများရှိခဲ့သည့် ငါးဖမ်းသင်္ဘောမတော်တဆမှုများ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ထိုင်ဝမ်၏ ကင်မန်ကျွန်းအနီးတွင် ကင်းလှည့်မှုများကို အရှိန်မြှင့်တင်ခဲ့ သည်။

ကင်မန်ကျွန်းကို ထိုင်ဝမ်က ထိန်းချုပ်ထားသော်လည်း ထိုကျွန်းသည် တရုတ်ပြည်မကြီးနှင့် ငါးကီလိုမီတာ (သုံး မိုင်) အကွာအဝေးတွင် တည်ရှိသည်။

ဇူလိုင် ၂ ရက် ဒေသစံတော်ချိန် ည ၈ နာရီ ၁၄ မိနစ်တွင်  ထိုငါးဖမ်းသင်္ဘောပိုင်ရှင်၏ သတင်းပေးပို့မှုအရ တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့သင်္ဘောများသည် ကင်မန်ကျွန်း၏ လျောင်လူဆိပ်ကမ်းနှင့် ရေမိုင် ၂၃ ဒသမ ၇ မိုင်အကွာတွင် ငါးဖမ်းသင်္ဘောကို ကြားဖြတ် ဟန့်တားခဲ့သည်ဟု ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

ထိုင်ဝမ်က ထိုငါးဖမ်းသင်္ဘောကို ကယ်တင်ရန်ကြိုးပမ်းသည့်အနေဖြင့် ကင်းလှည့်သင်္ဘောနှစ်စင်းနှင့်အကူ င်္ဘောတစ်စင်းကို စေလွှတ်ခဲ့သော်လည်း သင်္ဘောတစ်စင်းကို တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောများက ပိတ်ဆို့ခဲ့သည်ဟု ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မိမိတို့အနေဖြင့် ငါးဖမ်းသင်္ဘောကို ချက်ချင်းပြန်လွှတ်ပေးရန် အသံလွှင့်ခဲ့သော်လည်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များက ကြားဝင်စွက်ဖက်ခြင်းမပြုရန် ပြန်လည်အသံလွှင့်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပဋိပက္ခပိုမိုမြင့်တက်လာမည့်အရေးကို ရှောင်လွှဲရန်အတွက် မိမိတို့ဘက်က လိုက်ပါစောင့်ကြပ်မောင်းနှင် မှုမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ငါးဖမ်းသင်္ဘောသည် တရုတ်၏ ဝေတူဆိပ်ကမ်းသို့ ခေါ်ဆောင်သွားခြင်းခံခဲ့ ရကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

ထိုငါးဖမ်းသင်္ဘောပေါ်တွင် ထိုင်ဝမ်နှစ်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသားသုံးဦး လိုက်ပါသွားခဲ့ကြောင်း ထိုင်ဝမ်အရာရှိများက ပြောကြားခဲ့့သည်။

ထိုငါးဖမ်းသင်္ဘောသည် တရုတ်က မေ ၁ ရက်မှ သြဂုတ် ၁၅ ရက်အတွင်း ငါးဖမ်းမှု ရပ်နားကာလ အဖြစ်ကြေညာထားသည့် ကျင်ကျန်းမြို့ကမ်းလွန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု လက်ထောက် ထိုင်ဝမ်ကမ်းခြေစောင့် တပ်ဖွဲ့အကြီးအကဲ ရှဲ့ချိန်ချင်က ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး တရုတ်ကမ်း ခြေစောင့်တပ်ဖွဲ့အနေဖြင့် ငါးဖမ်းသင်္ဘောကို  စုံစမ်းစစ်ဆေးရသည့် အကြောင်းအရင်းကို မကြာမီမိမိတို့အား ပြောပြရန် မျှော်လင့်သည်ဟု ၎င်းက ဆိုသည်။

ထိုနေရာတွင် ငါးဖမ်းနေသည့် အခြားငါးဖမ်းသင်္ဘောများ အစင်းရေ ၅၀ မှ ၆၀ ကြားရှိပြီး ထိုင်ဝမ် ငါးဖမ်းသင်္ဘောသည် ကံမကောင်းစွာဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်နိုင်သည်ဟု အခြားအရာရှိတစ်ဦးက ပြောကြားခဲ့ သည်။

ထိုင်ဝမ်တွင် မေ ၂၀ ရက်က သမ္မတသစ် လိုင်ချင်တယ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် သုံးရက်အကြာတွင် တရုတ်က ထိုင်ဝမ်ကျွန်းအနီးတွင် အကြီးစားစစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကာ စစ်ရေးဖိအားများ တိုးမြှင့်ခဲ့ သည်။ ထို့ပြင် တရုတ်က လိုင်ကို အန္တရာယ်များသည့် ခွဲထွက်ဝါဒီတစ်ဦးအဖြစ် သတ်မှတ်ထားသည်။

Ref:AFP

                                    

 

 

Most Read

Most Recent