■ စနေနေ့တွင် ယှဉ်ပြိုင်ရမည့် ကွန်မြူနတီဒိုင်းပွဲအတွက် ဒိုင်လူကြီးအပြောင်းအလဲပြုလုပ်     

■ စနေနေ့တွင် ယှဉ်ပြိုင်ရမည့် ကွန်မြူနတီဒိုင်းပွဲအတွက် ဒိုင်လူကြီးအပြောင်းအလဲပြုလုပ်     
Published 9 August 2024

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် စနေနေ့တွင် ယှဉ်ပြိုင်ရမည့် ကွန်မြူနတီဒိုင်းပွဲအတွက် ဒိုင်လူကြီးအပြောင်း အလဲပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါပွဲအတွက် မူလက ဒိုင်လူကြီး ဂျွန်ဘရွတ်စ်ကို တာဝန်ပေးထားသော်လည်း ဒဏ်ရာပြဿနာပေါ်ပေါက်ခဲ့သည့်အတွက် အပြောင်းအလဲလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းပွဲတွင် စတုတ္ထဒိုင်အဖြစ် တာဝန်ပေးအပ်ထားခဲ့သော ဂျာရက်ဂျီလက်ကို ဒိုင်လူကြီးအဖြစ်ဆောင်ရွက်စေရန် FA က ပြောင်းလဲတာဝန်ပေးခဲ့ ကြောင်း သိရသည်။ 

ဂျာရက်ဂျီလက်သည် မန်ယူအသင်း၏ ပွဲစဉ်(၄)ပွဲကို ကိုင်တွယ်ခဲ့ရာတွင် မန်ယူအသင်းအနေဖြင့် (၃)ပွဲအထိ ရှုံးနိမ့်ခဲ့ခြင်းကြောင့် မန်စီးတီးအတွက် အားသာချက်ဖြစ်ကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြနေကြသည်။

ကွန်မြူနတီဒိုင်းပွဲအဖြစ် သြဂုတ်လ (၁၀) ရက်(စနေနေ့)တွင် မန်ချက်စတာမြို့ခံအသင်းများဖြစ်သည့် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းနှင့် FA ဖလား ချန်ပီယံ မန်ယူအသင်းတို့သည် ဝင်ဘလေကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။