နာမည်ကြီး အမေရိကန်ကျွမ်းဘားမယ် ဆီမွန်ဘိုင်းစ် All-around ပြိုင်ပွဲတွင် ရွှေတံဆိပ်ထပ်မံဆွတ်ခူးခဲ့ပြီး ဒုတိယမြောက်ရွှေတံဆိပ်ရယူနိုင်ခဲ့

နာမည်ကြီး အမေရိကန်ကျွမ်းဘားမယ် ဆီမွန်ဘိုင်းစ် All-around ပြိုင်ပွဲတွင် ရွှေတံဆိပ်ထပ်မံဆွတ်ခူးခဲ့ပြီး ဒုတိယမြောက်ရွှေတံဆိပ်ရယူနိုင်ခဲ့
Photo: Getty Images
Photo: Getty Images
Published 3 August 2024

 

နာမည်ကြီး အမေရိကန်ကျွမ်းဘားအားကစားမယ် ဆီမွန်ဘိုင်းစ်မှာလည်း All-around ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ထပ်မံ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ 

သြဂုတ် ၁ ရက်က ကျင်းပသည့် ကျွမ်းဘားအားကစား နည်း၏ အမျိုးသမီးတစ်ဦးချင်း All-around ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆီမွန်ဘိုင်းစ်က ၅၉ ဒသမ ၁၃၁ မှတ်ဖြင့် ရွှေတံဆိပ်၊ ဘရာဇီးလ် နိုင်ငံသူ ရီဘက်ကာအန်ဒရာဒီက ၅၇ ဒသမ ၉၃၂ မှတ်ဖြင့် ငွေတံဆိပ်၊ အမေရိကန်နိုင်ငံသူ ဆူနီလီက ၅၆ ဒသမ ၄၆၅ မှတ်ဖြင့် ကြေးတံဆိပ်ရရှိခဲ့သည်။

အသက် ၂၇ နှစ်ရှိပြီဖြစ်သူ ဆီမွန်ဘိုင်းစ်သည် အသင်းလိုက်ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ရရှိထားရာ ဒုတိယမြောက်ရွှေတံဆိပ် ရယူနိုင်ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းအနေဖြင့် ၂၀၁၆ ရီယိုအိုလံပစ်နှင့် ၂၀၂၄ ပါရီအိုလံပစ် All-around ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲအမျိုးအစား၌ ရွှေတံဆိပ်နှစ်ခုရယူနိုင်သည့် ပထမဆုံး အမေရိကန်ကျွမ်းဘားမယ်အဖြစ် စံချိန်တင်ခဲ့သည်။ 

ဆီမွန်ဘိုင်းစ်သည် အိုလံပစ်ပြိုင်ပွဲများတွင် ရွှေခြောက်ခု၊ ငွေ တစ်ခု၊ ကြေးနှစ်ခု ရရှိထားသည်။

 

Most Read

Most Recent