မက်ဆီရဲ့ အဋ္ဌမမြောက် မိုးပြာရောင်ဗိုလ်လုပွဲ 

မက်ဆီရဲ့ အဋ္ဌမမြောက် မိုးပြာရောင်ဗိုလ်လုပွဲ 
Photo: AFP
Photo: AFP
Published 13 July 2024
Wai Yan Aung

မက်ဆီက ၂၀၂၁ ကိုပါအမေရိကပြိုင်ပွဲမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ပထမဆုံးသော ဆုဖလားအောင်ပွဲ ရယူပေးနိုင်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယမြောက် ဆုဖလား ရယူပေးနိုင်ခဲ့ပါတယ်။ မာရာဒိုနာ နောက်ဆုံး ရယူပေးခဲ့ပြီးကတည်းက ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားအောင်ပွဲကို ပြန်လည်ရယူပေးနိုင်ခဲ့တာပါ။ ဒီဆုဖလားနှစ်ခုက မက်ဆီရဲ့ ဘောလုံးသမားဘဝကို ပြီးပြည့်စုံခမ်းနားသွားစေတဲ့ ဆုဖလားတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒီထက်စောစော၊ ဒီထက်များများ ရယူပေးနိုင်သင့်တယ်ဆိုပေမဲ့ အာဂျင်တီးနားပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို သိမ်းပိုက်နိုင်ဖို့အတွက်တော့ နောက်မကျခဲ့ပါဘူး။ အခုလည်း  နောက်တစ်ကြိမ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ ပြန်ပါပြီ။ ဗိုလ်လုပွဲ(၄)ကြိမ်ဆက် ရှုံးနိမ့်ခဲ့ဖူးတဲ့ မက်ဆီ ဗိုလ်လုပွဲ(၃)ကြိမ်ဆက် ဆုဖလားကိုင်မြှောက်ခွင့် ရရှိတာမျိုးရော ဖြစ်မလာနိုင်ဘူးလား။ အများစုကတော့ အဲဒီလို ယုံကြည်နေကြပါတယ်။ မဟာပြိုင်ဘက် ဘရာဇီးလ်အသင်း ကွာတားဖိုင်နယ်ကတည်းက ထွက်ခွာခဲ့ရတဲ့ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းရဲ့ ရေပန်းစားမှုက ပိုပြီးမြင့်တက်လာပါတယ်။ အာဂျင်တီးနားအသင်း ချန်ပီယံဆုကို ကာကွယ်နိုင်လိမ့်မယ်လို့ ယုံကြည်သူတွေ ပိုများလာတာကတော့ ဆီမီးဖိုင်နယ်မှာ မက်ဆီ ဂိုးသွင်းနိုင်ခဲ့တာနဲ့လည်း သက်ဆိုင်နေနိုင်ပါတယ်။

 

Most Read

Most Recent