အီတလီစီးရီးအေပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 29 September 2024

တိုရီနို - လာဇီယို (တနင်္ဂနွေညနေ ၅း၀၀ နာရီ)

ပြီးခဲ့တဲ့ရာသီတွေ့ဆုံမှုကိုကြည့်ရင် လာဇီယိုက တိုရီနိုကို (၂)ကျော့စလုံးအနိုင်ရခဲ့တယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်းအရ တူ ရင်မှာ အမှတ်ပေးဇယားထိပ်ဆုံးက တိုရီနိုကို လာဇီယိုအသင်း ယှဉ်ဖို့ခက်ပါတယ်။ တိုရီနို ရလဒ်ကောင်းဦးမှာပါ။

ကိုမို - ဗီရိုနာ (တနင်္ဂေနွေည ရး၃၀ နာရီ)

နည်းပြ ဖာဘရီဂတ်စ်ရဲ့ ကိုမိုက အတ္တလန်တာကို အနိုင် ယူပြီး ဒီရာသီရဲ့ စီးရီးအေပထမဆုံးနိုင်ပွဲကို စယူခဲ့တယ်။ ဗီရိုနာ က အသင်းကောင်းဖြစ်ပေမဲ့ နောက်ပိုင်းပွဲတွေမှာ ဂိုးတွေတောက် လျှောက်ပေးလာရတယ်။ ကိုမိုကို ကြိုက်တယ်။

ရိုးမား - ဗင်နီဇီယာ (တနင်္ဂေနွေည ရး၃၀ နာရီ)

ဒီရော့ဆီမရှိတော့တဲ့ ရိုးမားက နောက်ဆုံးပွဲမှာ အိမ်ကွင်း ဂိုးပြတ်နိုင်ပွဲယူခဲ့တယ်။ ရိုးမားကို ပုံစံသစ်နဲ့ ပြန်မြင်ရဖို့ရှိပြီး ဒေါ့ဖ်ဘိခ် (၂)ပွဲဆက် ဂိုးပေါက်တွေ့ခဲ့တာကလည်း ကျေနပ်စရာ ပါပဲ။ ဗင်နီဇီယာက သာမန်ထက်မပိုတဲ့အသင်းပါ။ ရိုးမားကိုပဲ ကြိုက်တယ်။

အိမ်ပိုလီ - ဖီအိုရင်တီးနား (တနင်္ဂေနွေည ၁၀း၃၀ နာရီ)

ဒီရာသီ အမ်ပိုလီရဲ့ ကွင်းတွင်းခြေစွမ်းက စိတ်ဝင်စားစရာ ကောင်းတယ်။ ရိုးမား၊ ဘိုလော့ဂ်နာတို့ (၂)သင်းဆီက (၄)မှတ် အထိယူနိုင်ခဲ့တယ်။ ဖီအိုရင်တီးနားက အသင်းကောင်းဖြစ်ပေမဲ့ အမ်ပိုလီကိုပဲ ရွေးချယ်ချင်တယ်။

နာပိုလီ - မွန်ဇာ (တနင်္လာနံနက် ၁း၁၅ နာရီ)

ကွန်တီရဲ့ နာပိုလီက တစ်ပွဲထက်တစ်ပွဲ ပိုကောင်းတဲ့ပုံစံ ကို ပြလာနိုင်ခဲ့တယ်။ လူကာကူရောက်လာခြင်းက အိုဆင်မန်မ ရှိတော့တဲ့ နာပိုလီတိုက်စစ်ကို ပိုအားကောင်းစေတယ်။ မွန်ဇာ က စီးရီးအေနိုင်ပွဲမရသေးတဲ့အသင်းပါ။ နာပိုလီအနိုင်သေချာပြီး ဂိုးပြတ်သွားဖို့တောင်ရှိတယ်။

Most Read