ဖလော်ရီယန်ဗက်ဇ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၅၀)ဖြင့် ခေါ်ယူရန် မန်စီးတီးအသင်း ပြင်ဆင်နေ

ဖလော်ရီယန်ဗက်ဇ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၅၀)ဖြင့် ခေါ်ယူရန် မန်စီးတီးအသင်း ပြင်ဆင်နေ
Photo : Getty Images
Photo : Getty Images
Published 27 September 2024

ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းသည် လေဗာကူဆင်အသင်း၏ ဂျာမန်တောင်ပံတိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်ကို လပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၅၀) ဖြင့် ခေါ်ယူရန် ပြင်ဆင် လျက်ရှိကြောင်း သိရှိရသည်။

အသက် (၂၁) နှစ်အရွယ်သာရှိသေးသည် ဖလော်ရီယန်ဗက်ဇ်သည် ပြီးခဲ့သည့်ရာသီက လေဗာကူဆင်အသင်း၏ ရှုံးပွဲမရှိ ချန်ပီယံဖြတ်သန်းမှုတွင် အဓိကနေရာမှ ပါဝင်ခဲ့သလို ပြီးခဲ့သည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင်လည်း ဂျာမနီလက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်သည်။

ဂွါဒီယိုလာသည် ဘယ်တောင်ပံ တိုက်စစ်အတွက် ထပ်မံအားဖြည့်ရန် ဆန္ဒရှိနေခြင်းကြောင့် ဖလော်ရီယန်ဗက်ဇ်ကို ခေါ်ယူလိုနေခြင်းဖြစ်ပြီး ဗက်ဇ်သည် အသင်း၏ဖီလော်ဆော်ဖီနှင့် ကိုက်ညီသည့် ကစားသမားဟုလည်း ယုံကြည်လျက်ရှိ၍ စံချိန်တင်ပြောင်းရွှေ့ကြေးပေးရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent