ဟာမီးစ်ရိုဒရီဂွက်ဇ်ကို လာလီဂါ (၂)သင်းအပြိုင်ကြိုးပမ်း

ဟာမီးစ်ရိုဒရီဂွက်ဇ်ကို လာလီဂါ (၂)သင်းအပြိုင်ကြိုးပမ်း
Photo : Getty Images
Photo : Getty Images
Published 25 July 2024

လာလီဂါကလပ်အသင်း (၂)သင်းဖြစ်သည့် ဘက်တစ်နှင့် ဆယ်လ်တာဗီဂိုအသင်းတို့သည် ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းမှ ကိုလံဘီယာလက် ရွေးစင်ဝါရင့်တောင်ပံကစားသမား ဟာမီးစ်ရိုဒရီဂွက်ဇ်အားခေါ်ယူရန် အပြိုင် ကြိုးပမ်းနေကြောင်းသိရသည်။

ပေါ်တို၊ မိုနာကို၊ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်နှင့် အဲဗာတန်အစရှိသည့် ဥရောပထိပ်တန်းကလပ်အသင်းများတွင်ကစားခဲ့သူ ဟာမီးစ် (၃၃ နှစ်)သည် ပြီးခဲ့သည့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတွင် ကိုလံဘီယာအသင်းနှင့်အတူ ခြေစွမ်းပြခဲ့ပြီးနောက် ဥရောပကလပ်အသင်းများ၏ တစ်ကျော့ပြန်စိတ်ဝင်စားခြင်းကိုခံနေရသူဖြစ်သည်။

ဟာမီးစ်ရိုဒရီဂွက်ဇ်သည် လက်ရှိအချိန်တွင် ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်း၌ ကစားနေသူဖြစ်ပြီး ပြိုင်ပွဲစုံ (၂၂)ပွဲကစားကာ (၂)ဂိုးသွင်းယူထားသည်။