■ တောရွာလေးမှသည် အိပ်မက်အသင်းဆီသို့

■ တောရွာလေးမှသည် အိပ်မက်အသင်းဆီသို့
Photo : Manchester City
Photo : Manchester City
Published 25 July 2024
Taw Linn

ဂျီရိုနာနည်းပြ မီချယ်လ်က ကစားသမား တစ်ယောက်ကို အလွယ်တကူနှစ်သက်သဘော ကျတတ်သူမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ၂၀၂၃ ဇူလိုင်လမှာ ရာသီကြိုပြင်ဆင်မှုအဖြစ် ဂျီရိုနာအသင်းနဲ့အတူ ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းတဲ့ ဆာဗီယိုကို မြင်တွေ့ပြီးနောက် သူ့ရဲ့အမြင် ပြောင်းလဲသွားတယ်။ ဆာဗီယိုကိုသဘောကျလွန်းလို့ ဂျီရိုနာအသင်းအားကစားဒါရိုက်တာဖြစ်တဲ့ ကီကေးကာဆယ်လ်ကို ချက်ချင်းပဲ ဖုန်းဆက်ပြီး သူ့ဆီ လာဖို့ခေါ်လိုက်တယ်။ လေ့ကျင့်ရေးကွင်းကို ကာဆယ်လ် ရောက်လာတဲ့အခါမှာတော့ မီချယ်လ်က "လာမယ့် ၂၀၂၃-၂၄ ရာသီ လာလီဂါပြိုင်ပွဲမှာ ကျွန်တော်တို့အသင်း အဆင့် (၈) ရလိမ့်မယ်"လို့ ပြောလိုက်တယ်။