ခြေဖဝါးဒဏ်ရာကြောင့် အန်ဆူဖာတီ တစ်လခန့်အနားယူရမည်

ခြေဖဝါးဒဏ်ရာကြောင့် အန်ဆူဖာတီ တစ်လခန့်အနားယူရမည်
Photo : X
Photo : X
Published 25 July 2024

ဘာစီလိုနာအသင်း၏ စပိန်လက်ရွေးစင်တောင်ပံကစားသမား အန်ဆူဖာတီ (၂၁ နှစ်)သည် အသင်းနှင့်ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွင် ခြေဖဝါးဒဏ်ရာရရှိခဲ့ပြီး တစ်လခန့်အနားယူရဖွယ်ရှိကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

အန်ဆူဖာတီသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းထံ တစ်ရာသီအငှားသွားရောက်ကစားခဲ့ပြီးနောက် ယခုနွေရာသီတွင် ဘာစီလိုနာအသင်းသို့ပြန်လည်ရောက်ရှိလာပြီး နည်းပြသစ် ဟန်ဆီဖလစ်ခ်၏ ယုံကြည်မှုကိုရရှိထားသူဖြစ်သည်။

အန်ဆူဖာတီသည် ဘာစီလိုနာအသင်းတွင် ပုံမှန်နေရာအတွက် ပြန်လည်တိုက်ပွဲဝင်မည်ဖြစ်သည်။

အန်ဆူဖာတီသည် ဘာစီလိုနာအသင်းအတွက် လာလီဂါ ပွဲ(၈၀)ကစားထားပြီး (၂၂)ဂိုးသွင်းယူထားသည်။