■ ဟိုးနက်စ်ရဲ့ ဖီးနစ်ငှက်ပြကွက်

■ ဟိုးနက်စ်ရဲ့ ဖီးနစ်ငှက်ပြကွက်
Published 25 July 2024
Chan Myae

ပြီးခဲ့တဲ့ရာသီက ဘွန်ဒစ်လီဂါရပ်ဝန်းမှာ လေဗာကူဆင်အသံတွေချည်း မိုးထိုးနေတော့ အမြင်ပျံဖီးနစ်ငှက်တို့ရဲ့ ခရီးလမ်းကို ဂုဏ်ပြုဖို့ အားလုံးက မေ့ခဲ့ကြပါတယ်။ သူတို့ကတော့ စတုဂတ်အသင်းပါပဲ။ စတုဂတ်ဟာ ၂၀၂၂-၂၃ ရာသီတုန်းက တန်းဆင်းဇုန်ထဲမှာ မေးတင်ပြီး Play-offs အဆင့်မှာ အောင်ပွဲရခဲ့လို့သာ တန်းဆင်းရမယ့် ဘေးကနေ သီသီကလေးလွတ်မြောက်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကတော့ စတုဂတ်ဟာ ဘိုင်ယန်မြူးနစ်လိုအသင်းမျိုးကို လှလှပပကျော်ဖြတ်ပြီး အဆင့်(၂)နေရာမှာ မားမားမတ်မတ်ရပ်တည်နိုင်ခဲ့တယ်။ တကယ်တော့ ထိပ်ဆုံးနေရာကိုသာ လူတွေက မှတ်မိတာဖြစ်လို့ နောက်နှစ်တွေကြာလာတဲ့အခါမှာ လေဗာကူဆင်ရဲ့ အောင်မြင်မှုက ပိုပြီးလူတွေအတွက် အမှတ်ရနေမှာ၊ ခမ်းနားနေမှာ အမှန်ပါပဲ။ ဒါပေမဲ့ စတုဂတ်အသင်းကလည်း လေဗာကူဆင်လိုပဲ မဖြစ်နိုင်တဲ့အရာကို လုပ်ပြခဲ့တဲ့ အသင်းဖြစ်ပါတယ်။

 

Most Read

Most Recent