■ အော်လ်မိုအတွက် ဘာစီလိုနာအသင်း၏ကမ်းလှမ်းမှုကို လိုက်ပ်ဇစ် ပယ်ချခဲ့သော်လည်း အပြောင်းအရွှေ့ဖြစ်ပေါ်ဖွယ်ရှိ     

■ အော်လ်မိုအတွက် ဘာစီလိုနာအသင်း၏ကမ်းလှမ်းမှုကို လိုက်ပ်ဇစ် ပယ်ချခဲ့သော်လည်း အပြောင်းအရွှေ့ဖြစ်ပေါ်ဖွယ်ရှိ     
Published 26 July 2024

လိုက်ပ်ဇစ်အသင်းသည် စပိန်တိုက်စစ်ကစားသမား အော်လ်မိုအတွက် ဘာစီလိုနာအသင်း၏ ပထမဆုံးအကြိမ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ သော်လည်း အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖွယ်ရှိကြောင်း သိရသည်။

    

အော်လ်မို(၂၆ နှစ်)သည် ဘာစီ လိုနာအသင်း၏ အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်သော်လည်း အသက်(၁၆)နှစ်အရွယ်ကတည်းက ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းတွင် ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်သည်။ 

၎င်းသည် ၂၀၂၀ ခုနှစ်တွင် ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်၌ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆို ထားသည်။ 

အော်လ်မိုသည် ပြီးခဲ့သည့်ရာသီ၌ လိုက်ပ်ဇစ်အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့သလို၊ ယူရို-၂၀၂၄ ပြိုင်ပွဲတွင်လည်း စပိန်အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ဘာစီလိုနာအသင်းက ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ 

၎င်းကို ဘာစီလိုနာအသင်းအပြင် ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီးကလည်း ခေါ်ယူရန် စိတ်ဝင်စားနေပြီး အခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။

    

ဘာစီလိုနာအသင်းသည် အော်လ်မိုကို နှစ်ရှည်စာချုပ်ချုပ်ဆိုရန် စီစဉ်နေသည့်အတွက် ပထမအကြိမ် ကမ်းလှမ်းမှုကို လိုက်ပ်ဇစ်အသင်းက ပယ်ချခဲ့သော်လည်း ကစားသမားက ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

လိုက်ပ်ဇစ်အသင်းက အော်လ်မိုအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၆၀)ရရှိရန် လိုလားနေခြင်းကြောင့် ငြင်းပယ်ခဲ့ခြင်းဟုလည်း သိရသည်။

Most Read

Most Recent