လားရှိုးမြို့ထဲသို့ "ဝ" တပ်ဖွဲ့များ ဝင်ရောက်ခဲ့ပြီး လားရှိုးမြို့တိုက်ပွဲများအတွင်း မည်သည့်ဘက်ကမျှ ပါဝင်မည်မဟုတ်ဟု လားရှိုးပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း ပြောကြား 

Published 28 July 2024

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့အတွင်းသို့ "ဝ" တပ်ဖွဲ့ဝင်များ ဇူလိုင် ၂၇ ရက် ညက ဝင်ရောက်ခဲ့ပြီး လားရှိုးမြို့တိုက်ပွဲများအတွင်း မည်သည့်ဘက်ကမျှ ပါဝင်မည်မဟုတ်ဟု လားရှိုးပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

လားရှိုးမြို့ရှိ တိုင်းရင်းသားပေါင်းစုံ၏ လိုလားချက်အရ "ဝ" တပ်ဖွဲ့၏ လားရှိုးပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် "ဝ" လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၇ ရက် ညပိုင်းက လားရှိုးမြို့သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း လားရှိုးပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောကြားသည်။

''လားရှိုးမြို့ရှိတိုင်းရင်းသားပေါင်းစုံများရဲ့ လိုလားချက်အရ လားရှိုးမြို့နယ်ရှိ ကျွန်တော်တို့ ပြင်ပဆက်ဆံရေးရုံးများနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ရန်အတွက် “ဝ” ပြည်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ၂ရရက် ညက လားရှိုးမြို့သို့ တရားဝင် ဝင်ရောက်ခဲ့တာ မှန်ပါတယ်"ဟု ဦးညီရန်းက ဆိုသည်။

လားရှိုးမြို့သို့ မဝင်ရောက်မီ မြို့တွင်း တိုက်ပွဲဖြစ်ပွားနေသည့် အဖွဲ့များထံ အကြောင်းကြားခဲ့ပြီး ယင်းအဖွဲ့များ၏ သဘောတူချက်ဖြင့် လားရှိုးမြို့တွင်းသို့ "ဝ" လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

"မြို့သို့မဝင်မီတွင် တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို အကြောင်းကြားခဲ့ပြီး ၎င်းတို့၏သဘောတူညီချက်နှင့် အဆင်ပြေစွာဝင်ရောက်ခဲ့တာဖြစ်တယ်" ဟု ဦးညီရန်းက ပြောကြားသည်။

"ဝ" လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လားရှိုးမြို့သို့ ဝင်ရောက်ခဲ့သော်လည်း လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း မည်သည့်ဘက်ကမျှ ဝင်ရောက်စွက်ဖက်ခြင်း၊ ပူးပေါင်းခြင်းနှင့် ပံ့ပိုးပေးခြင်းများ လုပ်ဆောင်မည်မဟုတ်ကြောင်းကိုလည်း ဦးညီရန်းက ပြောကြားသည်။ 

"လားရှိုးမြို့မှာ တပ်စွဲထားတဲ့ ကျွန်တော်တို့ “ဝ” လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တိုက်ပွဲဖြစ်ပွားနေတဲ့ အဘက်ဘက်တို့ကို ဝင်ရောက်စွက်ဖက်ခြင်း၊ ပူးပေါင်းခြင်းနဲ့ ပံ့ပိုးပေးခြင်းများ လုပ်ဆောင်မှာ မဟုတ်ပါ။ လားရှိုးမြို့နဲ့ တစ်နိုင်ငံလုံး ငြိမ်းချမ်း‌‌‌ရေး အမြန်ဆုံးရဖို့ကို “ဝ”  ပြည်နယ်က မျှော်လင့်ပါတယ်" ဟု ဦးညီရန်းက ပြောကြားသည်။

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းဟုဆိုကာ TNLA ၊ MNDAA နှင့် PDF ပူးပေါင်းအဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအစပ်တွင် ဇွန်လကုန်မှစတင်ကာ တိုက်ပွဲများဖော်ဆောင်မှုအတွင်း “ဝ” အဖွဲ့သည် ၎င်းတို့ဒေသနှင့် ထိစပ်နေသည့် တန့်ယန်းမြို့သို့ ဇူလိုင် ၁၀ ရက်တွင် ဝင်ရောက်လာပြီး တန့်ယန်းမြို့တစ်ဝိုက်တွင် ဝင်ရောက်တပ်စွဲခဲ့သည်။

ထိုသို့ “o” အဖွဲ့က တန့်ယန်းမြို့တွင် ဝင်ရောက်တပ်စွဲမှုသည် တပ်မတော်နှင့် ညှိနှိုင်း သဘောတူကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားမှုများရှိသော်လည်း တပ်မတော်ဘက်မှ တရားဝင်ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။ 

ထို့ပြင် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကာလကလည်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတိုင်းတွင်ရှိသည့် ဟိုပန်နှင့် ပန်လုံမြို့အား MNDAA နှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရန် စတင်ချိန်၌ပင် “ဝ” အဖွဲ့သည် အဆိုပါမြို့နှစ်မြို့အား ဝင်ရောက်တပ်စွဲကာ မြို့အုပ်ချုပ်ရေးအား လွှဲပြောင်းရယူခဲ့သည်။

“o”  တပ်ဖွဲ့ အနေဖြင့် တန့်ယန့် မြို့ ၊ ဟိုပန် မြို့ နှင့် ပန်လုံ မြို့ များသို့ နယ်မြေဒေသ တည်ငြိမ်ရေးအတွက် ဝင်ရောက် တပ်စွဲသကဲ့သို့ လားရှိုးမြို့တွင်လည်း တပ်မတော်နှင့် ညှိနှိုင်း၍ ဝင်ရောက်နေရာယူခြင်းဖြစ်ကြောင်း သိရသည်။ 

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့အတွင်းသို့ "ဝ" တပ်ဖွဲ့ဝင်များ ဇူလိုင် ၂၇ ရက် ညက ဝင်ရောက်ခဲ့ပြီး လားရှိုးမြို့တိုက်ပွဲများအတွင်း မည်သည့်ဘက်ကမျှ ပါဝင်မည်မဟုတ်ဟု လားရှိုးပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

လားရှိုးမြို့ရှိ တိုင်းရင်းသားပေါင်းစုံ၏ လိုလားချက်အရ "ဝ" တပ်ဖွဲ့၏ လားရှိုးပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် "ဝ" လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၇ ရက် ညပိုင်းက လားရှိုးမြို့သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း လားရှိုးပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောကြားသည်။

''လားရှိုးမြို့ရှိတိုင်းရင်းသားပေါင်းစုံများရဲ့ လိုလားချက်အရ လားရှိုးမြို့နယ်ရှိ ကျွန်တော်တို့ ပြင်ပဆက်ဆံရေးရုံးများနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ရန်အတွက် “ဝ” ပြည်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ၂၇ရက် ညက လားရှိုးမြို့သို့ တရားဝင် ဝင်ရောက်ခဲ့တာ မှန်ပါတယ်"ဟု ဦးညီရန်းက ဆိုသည်။

လားရှိုးမြို့သို့ မဝင်ရောက်မီ မြို့တွင်း တိုက်ပွဲဖြစ်ပွားနေသည့် အဖွဲ့များထံ အကြောင်းကြားခဲ့ပြီး ယင်းအဖွဲ့များ၏ သဘောတူချက်ဖြင့် လားရှိုးမြို့တွင်းသို့ "ဝ" လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

"မြို့သို့မဝင်မီတွင် တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို အကြောင်းကြားခဲ့ပြီး ၎င်းတို့၏သဘောတူညီချက်နှင့် အဆင်ပြေစွာဝင်ရောက်ခဲ့တာဖြစ်တယ်" ဟု ဦးညီရန်းက ပြောကြားသည်။

"ဝ" လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လားရှိုးမြို့သို့ ဝင်ရောက်ခဲ့သော်လည်း လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း မည်သည့်ဘက်ကမျှ ဝင်ရောက်စွက်ဖက်ခြင်း၊ ပူးပေါင်းခြင်းနှင့် ပံ့ပိုးပေးခြင်းများ လုပ်ဆောင်မည်မဟုတ်ကြောင်းကိုလည်း ဦးညီရန်းက ပြောကြားသည်။ 

"လားရှိုးမြို့မှာ တပ်စွဲထားတဲ့ ကျွန်တော်တို့ “ဝ” လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တိုက်ပွဲဖြစ်ပွားနေတဲ့ အဘက်ဘက်တို့ကို ဝင်ရောက်စွက်ဖက်ခြင်း၊ ပူးပေါင်းခြင်းနဲ့ ပံ့ပိုးပေးခြင်းများ လုပ်ဆောင်မှာ မဟုတ်ပါ။ လားရှိုးမြို့နဲ့ တစ်နိုင်ငံလုံး ငြိမ်းချမ်း‌‌‌ရေး အမြန်ဆုံးရဖို့ကို “ဝ”  ပြည်နယ်က မျှော်လင့်ပါတယ်" ဟု ဦးညီရန်းက ပြောကြားသည်။

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းဟုဆိုကာ TNLA ၊ MNDAA နှင့် PDF ပူးပေါင်းအဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအစပ်တွင် ဇွန်လကုန်မှစတင်ကာ တိုက်ပွဲများဖော်ဆောင်မှုအတွင်း “ဝ” အဖွဲ့သည် ၎င်းတို့ဒေသနှင့် ထိစပ်နေသည့် တန့်ယန်းမြို့သို့ ဇူလိုင် ၁၀ ရက်တွင် ဝင်ရောက်လာပြီး တန့်ယန်းမြို့တစ်ဝိုက်တွင် ဝင်ရောက်တပ်စွဲခဲ့သည်။

ထိုသို့ “o” အဖွဲ့က တန့်ယန်းမြို့တွင် ဝင်ရောက်တပ်စွဲမှုသည် တပ်မတော်နှင့် ညှိနှိုင်း သဘောတူကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားမှုများရှိသော်လည်း တပ်မတော်ဘက်မှ တရားဝင်ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။ 

ထို့ပြင် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကာလကလည်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတိုင်းတွင်ရှိသည့် ဟိုပန်နှင့် ပန်လုံမြို့အား MNDAA နှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရန် စတင်ချိန်၌ပင် “ဝ” အဖွဲ့သည် အဆိုပါမြို့နှစ်မြို့အား ဝင်ရောက်တပ်စွဲကာ မြို့အုပ်ချုပ်ရေးအား လွှဲပြောင်းရယူခဲ့သည်။

“o”  တပ်ဖွဲ့ အနေဖြင့် တန့်ယန့် မြို့ ၊ ဟိုပန် မြို့ နှင့် ပန်လုံ မြို့ များသို့ နယ်မြေဒေသ တည်ငြိမ်ရေးအတွက် ဝင်ရောက် တပ်စွဲသကဲ့သို့ လားရှိုးမြို့တွင်လည်း တပ်မတော်နှင့် ညှိနှိုင်း၍ ဝင်ရောက်နေရာယူခြင်းဖြစ်ကြောင်း သိရသည်။ 

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းဟုဆိုကာ TNLA၊ MNDAA နှင့် PDF ပူးပေါင်းအဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအစပ်တွင် ဇွန်လကုန်မှစတင်ကာ တိုက်ပွဲများဖော်ဆောင်မှုအတွင်း “o” အဖွဲ့သည် ၎င်းတို့ဒေသနှင့်ထိစပ်နေသည့် တန့်ယန်းမြို့သို့ ဇူလိုင် ၁၀ ရက်တွင် ဝင်ရောက်လာပြီး တန့်ယန်းမြို့တစ်ဝိုက်တွင် လည်းကောင်း၊ SSPP အဖွဲ့သည် ဇူလိုင် ၁၂ ရက်တွင် မိုင်းရယ်မြို့၌လည်းကောင်း ဝင်ရောက်တပ်စွဲထားသည်။

ထိုသို့ “o” အဖွဲ့နှင့် SSPP အဖွဲ့တို့၏ တန့်ယန်းနှင့် မိုင်းရယ်တွင် ဝင်ရောက်တပ်စွဲမှုသည် တပ်မတော်နှင့်ညှိနှိုင်း သဘောတူကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားမှုများရှိသော်လည်း တပ်မတော်ဘက်မှ တရားဝင်ထုတ်ဖော်ပြောဆိုထားခြင်းမရှိပေ။ 

ထို့အပြင် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကာလကလည်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတိုင်းတွင်ရှိသည့် ဟိုပန်နှင့် ပန်လုံမြို့အား MNDAA နှင့်ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရန်စတင်ချိန်၌ပင် “o” အဖွဲ့သည် အဆိုပါမြို့နှစ်မြို့အား ဝင်ရောက်တပ်စွဲကာ မြို့အုပ်ချုပ်ရေးအား လွှဲပြောင်းရယူခဲ့သည်။ 

လားရှိုးမြို့အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း ဇူလိုင် ၂၆ ရက် နေ့လည်မှစတင်ကာ လားရှိုးတွင် ဖုန်းလိုင်း၊ ဖိုက်ဘာ အင်တာနက်လိုင်းများပါ ပြတ်တောက်နေရာ မြေပြင် အခြေအနေ သတင်းများ ရရှိရန် ခက်ခဲလျက်ရှိသည်။ 

ဇူလိုင် ၂၇ ရက်တွင် နောက်ဆုံးသိရှိရသည့်သတင်းများအရ  လားရှိုးမြို့ သာသနာ ၂၅၀ဝ တောင်ကုန်းအနီးတဝိုက် တိုက်ပွဲပြင်းထန်နေ ကြောင်း နှင့် သိန္နီ လမ်းပေါ် ရှိ နေရာအချို့တွင်‌ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲ မှုများရှိခဲ့ကြောင်းသိရသည်။ 

မြို့တွင်းတိုက်ပွဲများဖြစ်လာမှုနှင့်အတူ ကျန်ရှိနေသော မြို့နေပြည်သူများထဲမှ တချို့ လည်း ယခု ရက်များအတွင်း စစ်ဘေးရှောင်ကြရပြီ ဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် လားရှိုးမြို့ နေ ဒေသခံ ပြည်သူ ခန့်မှန်းခြေ ၈၀ ရာခိုင်နှုန်းကျော် စစ်‌ဘေး ရှောင်‌နေ ကြရပြီး စစ်ရှောင်ရန်အခြေအနေမရကြသည့် ဒေသခံ ပြည်သူ အနည်းငယ်သာ မြို့တွင် ကျန်ရှိဖွယ်ရှိကြောင်း စုံစမ်းသိရသည်။ 

ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက လားရှိုးမြို့မှ စစ်ရှောင်သွားကြသည့် ဒေသခံအချို့၏ အဆိုအရ ဇူလိုင် ၂၆ ရက်တွင် မြို့တွင်း၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး Drop Bomb များဖြင့် တိုက်ခိုက် ခံရကြောင်း သိရကာ ယင်းနှင့်ပတ်သက်၍ လားရှိုးမှ တောင်ကြီး၊ မန္တလေးဘက်သို့ စစ်ရှောင် ကြသည့်ပြည်သူများအနေဖြင့် လမ်းခရီးတွင် အခက်အခဲများဖြင့် ရင်ဆိုင် ကြရပြီး လားရှိုးအထွက်လမ်းတစ်လျှောက်တွင် MNDAA ၊ PDF များ၏ တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ ခံရကြောင်းလည်း စစ်ရှောင်အချို့၏ ပြောကြားချက်များအရ သိရသည်။ 

ထို့ပြင် လားရှိုးမြို့နှင့် မိုင် ၃၀ ခန့်ဝေးသော ဟိုယရွာ တွင် MNDAA၊ PDF နှင့် ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ လုပ်ဆောင်ကြပြီး အချို့မှာ အတင်းအကျပ် ဖမ်းဆီးခံရမှုများလည်း ရှိနေကြောင်း သိရသည်။

Most Read

Most Recent