ပြောင်းလဲမှုများစွာနဲ့ ဘွန်ဒစ်လီဂါရဲ့တိုက်ပွဲခေါ်သံ

ပြောင်းလဲမှုများစွာနဲ့ ဘွန်ဒစ်လီဂါရဲ့တိုက်ပွဲခေါ်သံ
Photo : X
Photo : X
Published 22 August 2024
Phoe Thar

ဒီတစ်ပတ်မှာတော့ ၂၀၂၄-၂၅ ရာသီဥရောပထိပ်တန်းလိဂ် (၅)ခုရဲ့ လက်ကျန်လိဂ်တစ်ခုဖြစ်တဲ့ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်တွေကို စတင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ထိပ်တန်းလိဂ်တွေစုံလင်တဲ့ ရက်သတ္တပတ်ကို မြင်တွေ့ခံစားရတော့မှာပါ။ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေအစရှိတဲ့ပြိုင်ပွဲတွေနဲ့ယှဉ်ရင် ဘွန်ဒစ်လီဂါရဲ့ ပြိုင်ဆိုင်မှုပုံရိပ်က အနည်းငယ်နိမ့်ပါးသလိုရှိပေမဲ့ ကွင်းလုံးပြည့်ပရိသတ်တွေ၊ ဂျာမန်ကလပ်တွေရဲ့ မာကျောတဲ့ကစားဟန်တွေနဲ့ မြိုင်ဆိုင်တဲ့သွင်းဂိုးတွေက ပရိသတ်ရဲ့ စိတ်အာရုံကို အပြည့်အဝဖမ်းစားထားဆဲပါပဲ။ ပိုပြီးရင် ခုန်စရာကောင်းတာက ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်မြူးနစ်ရဲ့ (၁၁)ကြိမ်ဆက် ချန်ပီယံဆုလွှမ်းမိုးမှု တစ်ခန်းရပ်ခဲ့ပြီး လေဗာကူဆင်နဲ့ အလွန်ဆိုတို့ ရှုံးပွဲမရှိ စံချိန်မှတ်တမ်းနဲ့အတူ ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့တာပါပဲ။

 

Most Read

Most Recent