အငြင်းပွားဖွယ် အမျိုးသမီး လက်ဝှေ့သမားနှစ်ဦးစလုံး ပါရီအိုလံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲတက်ရောက်

အငြင်းပွားဖွယ် အမျိုးသမီး လက်ဝှေ့သမားနှစ်ဦးစလုံး ပါရီအိုလံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲတက်ရောက်
Photo: AP
Photo: AP
Published 8 August 2024

ပါရီအိုလံပစ်ပြိုင်ပွဲတွင် အငြင်းပွားဖွယ် ဝေဖန်မှုများရင်ဆိုင်နေရသည့် အမျိုးသမီးလက်ဝှေ့သမား လင်းယုထင်နှင့် အီမန်းခီလိဖ်တို့နှစ်ဦးစလုံး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

တရုတ်တိုင်ပေနိုင်ငံသူ လင်း (၂၈ နှစ်) နှင့် အယ်လ်ဂျီးရီးယားနိုင်ငံသူ ခီလိဖ် (၂၅ နှစ်) သည် ကျား၊မစစ်ဆေးမှု ကျရှုံးသဖြင့် ပြီးခဲ့သည့်နှစ် ကမ္ဘာ့ချန်ပီယံရှစ် အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲ၌ ယှဉ်ပြိုင်ခွင့်မရသော်လည်း ပါရီအိုလံပစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရထားသဖြင့် ဝေဖန်မှုများ ထွက်ပေါ်နေခြင်းဖြစ်သည်။

သြဂုတ် ၆ ရက်က ကျင်းပသည့် ၆၆ ကီလို (ဝယ်လ်တာဝိတ်တန်း) ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ခီလိဖ်က ထိုင်းကစားသမားကို ၅-၀ မှတ်ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။

ထို့ပြင် သြဂုတ် ၇ ရက်က ကျင်းပသည့် ၅၇ ကီလို (ဖယ်သာဝိတ်တန်း) ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း လင်းက တူရကီကစားသမားကို ၅-၀ မှတ်ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်ခဲ့ကြောင်း သိရသည်။

၆၆ ကီလိုတန်း ဗိုလ်လုပွဲကို သြဂုတ် ၉ ရက် နှင့် ၅၇ ကီလိုတန်း ဗိုလ်လုပွဲကို သြဂုတ် ၁၀ ရက်တွင် ကျင်းပမည်ဖြစ်ရာ ၎င်းတို့နှစ်ဦးအနေဖြင့် ကစားသမားဘဝ ပထမဆုံး အိုလံပစ်ရွှေတံဆိပ်ဆုရယူနိုင်ရန် မျှော်လင့်ချက်ရှိနေသည်။

ဆီမီးဖိုင်နယ်၌ လင်းအား ရှုံးနိမ့်ခဲ့သည့် တူရကီနိုင်ငံသူ ယီလ်ဒစ်ဇ်က ပွဲအပြီးတွင် အမျိုးသမီးခရိုမိုဇုန်းသင်္ကေတ ''X'' အမှတ်အသားကို လက်နှစ်ဖက်ဖြင့် ပြုလုပ်ပြခဲ့ပြီး သတင်းထောက်များ၏မေးမြန်းမှုကိုမူ ဖြေကြားခြင်းမရှိဘဲ ငြင်းဆန်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent