ဆန်မာမီးစ်သို့ ခရီးစဉ်အစ

ဆန်မာမီးစ်သို့ ခရီးစဉ်အစ
Photos: X
Photos: X
Published 25 September 2024
Wai Yan Aung

၂၀၂၄-၂၅ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို ဘီလ်ဘာအိုအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဆန်မာမီးစ်ကွင်းမှာ ကျင်းပသွားမှာပါ။ ဒီပြိုင်ပွဲအတွက် တချို့အသင်းတွေက ဇူလိုင်လကတည်းက ခြေစစ်ပွဲဆင်နွှဲခဲ့ရပေမဲ့ ထိပ်သီးအသင်းအများစုကတော့ အခုတစ်ပတ်မှာမှ စတင်ယှဉ်ပြိုင်ရမှာပါ။ ဒါ​ကြောင့် လိဂ်အဆင့်ရဲ့ ပွဲစဉ် ၁ အဖြစ် ယှဉ်ပြိုင်ရမယ့် အခုတစ်ပတ်က ဆန်မာမီးစ်ဆီ အရောက်လှမ်းနိုင်ဖို့ ကြိုးစားရမယ့် ခရီးစဉ်အစလို့ ဆိုနိုင်ပါတယ်။ ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံစံအသစ်နဲ့ အသွင်ပြောင်းထားသလို ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွေကိုလည်း အလားတူ အသွင်ပြောင်းထားပါတယ်။ ယူရိုပါလိဂ်က ချန်ပီယံလိဂ်ရဲ့နောက် ဒုတိယတန်းစား ပြိုင်ပွဲသာဖြစ်ပေမဲ့ ပရိသတ်နဲ့ တရင်းတနှီးရှိပြီးသား ထိပ်သီးအသင်းတချို့ ပါဝင်နေတာကြောင့် စိတ်ဝင်စားစရာကောင်းပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်းဖြစ်တဲ့ မန်ယူနဲ့ စပါးတို့က ဒီရာသီ ယူရိုပါလိဂ်ရဲ့ အဓိကဆွဲဆောင်မှု ဖြစ်နေပါတယ်။ သူတို့က ချန်ပီယံဆုရရှိဖို့ ရေပန်းအစားဆုံးအသင်းတွေလည်း ဖြစ်နေပါသေးတယ်။

 

Most Read

Most Recent