မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်ရန် ဆော်ဒီကလပ် အယ်လ်ကတ်စီယာ ချိန်ရွယ် 

မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်ရန် ဆော်ဒီကလပ် အယ်လ်ကတ်စီယာ ချိန်ရွယ် 
Photo: SPORTbible
Photo: SPORTbible
Published 6 May 2024

ဆော်ဒီကလပ် အယ်လ်ကတ်စီယာအသင်းသည် နာမည်ကျော်နည်းပြ မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်ရန် ချိန်ရွယ်နေကြောင်း သိရသည်။

အယ်လ်ကတ်စီယာအသင်းသည် ဆော်ဒီပရိုလိဂ်သို့ တန်းတက်ခွင့်ရရှိရန် နီးစပ်နေသည့်အသင်းဖြစ်ပြီး တန်းတက်နိုင်ခဲ့ပါက လာမည့်ရာသီတွင် အကြီးစားပြင်ဆင်အားဖြည့်မှုများ ပြုလုပ်ရန် စီစဉ်နေရာ မော်ရင်ဟိုကို ခန့်အပ်ရန်လည်း ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

ရိုးမားနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် မော်ရင်ဟိုကလည်း ယခုလအတွင်း လက်ခံဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent