အာဆင်နယ် - အဲဗာတန် (တနင်္ဂနွေည ၉း၃၀ နာရီ)
မျှော်လင့်ချက် အရမ်းနည်းသွားတဲ့ အနေအထားဆိုရင်တောင် အာဆင်နယ်အသင်းက အိမ်ကွင်းရာသီပိတ်ပွဲစဉ်မှာ နိုင် ပွဲနဲ့ အဆုံးသတ်ဖို့ ကြိုးစားချင်လိမ့်မယ်။ ပြီးတော့ ဖြစ်နိုင်ခြေ အရမ်းနည်းနေတယ်ဆိုရင်တောင် မန်စီးတီး သရေကျမယ့် အခြေ အနေကို စောင့်ဖို့ကြိုးစားလိမ့်မယ်။ အဲဗာတန်နဲ့ ကစားမယ့် ပွဲက အာဆင်နယ်အတွက် အရမ်းအရေးကြီးသလို အာရုံစူးစိုက်မှု အပြည့်နဲ့ မဖြစ်မနေနိုင်ပွဲယူမယ့်ပွဲပါ။ အဲဗာတန်က အာတီတာရဲ့ကစားသမားဘ၀ အသင်းဟောင်းဖြစ်ပြီး လက်ရှိအချိန်မှာ ရလဒ်ကောင်းတွေ ဆက်တိုက်ယူူနေတယ်။ အမှတ်လျော့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရရင်းနဲ့ တန်းမဆင်းရအောင် ကစား နိုင်ခဲ့တယ်။ အသင်းလိုက် မာကျောပြီး ခြေစွမ်းပိုင်း သိသိသာသာတိုးတက်နေတဲ့အသင်းပါ။ ဒါပေမဲ့ အာဆင်နယ်အသင်းပဲ အ နိုင်ရသွားလိမ့်မယ်။
ဘရန့်ဖို့ဒ် - နယူးကာဆယ် (တနင်္ဂနွေည ၉း၃၀ နာရီ)
ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်က ရာသီပိတ်မှာ အသင်းကို အရှိန်ပြန် တင်နေတယ်။ ဘရန့်ဖို့ဒ်က တိုက်စစ်ပိုင်း လူစုံလာတာနဲ့အမျှ ကစားပုံလည်း ပြန်တက် လာတယ်။ နယူးကာဆယ်လည်း နောက်ပိုင်းပွဲတွေမှာ ရလဒ်ကောင်းနေတယ်ဆိုပေမယ့် ဘရန့်ဖို့ဒ်ကွင်းမှာတော့ တော်တော်လေး ခက်ခက်ခဲခဲ ကစားရလိမ့်မယ်။ အခန့်မသင့်ရင် ဘရန့်ဖို့ဒ်တောင် နိုင်သွားနိုင်တယ်။
ဘရိုက်တန် - မန်ယူ (တနင်္ဂနွေည ၉း၃၀ နာရီ)
မန်ယူနိုက်တက်အသင်းက ရာသီပိတ်ပွဲစဉ်ကို အသင်းကောင်းတစ်သင်းဖြစ်တဲ့ ဘ ရိုက်တန်အသင်းရဲ့ကွင်းမှာ ကစားသွားမှာဖြစ်ပြီး ဥရောပဝင်ခွင့်တစ်နေရာအတွက် အ မှားမခံတဲ့ပွဲလည်းဖြစ်နေတယ်။ ဘရိုက်တန်အသင်းက ဒီရာသီမှာ ပြီးခဲ့တဲ့ရာသီကလောက် အားမကောင်းပေမယ့် အသင်းကောင်းတစ်သင်းအဖြစ် ရှိနေဆဲဖြစ်ပြီး မန်ယူနိုက်တက်အ သင်းထက် ကစားပုံလည်း သာတယ်။ ဘရိုက်တန်ပဲ ကြိုက်တယ်။
ဘန်လေ - နော်တင်ဟမ် (တနင်္ဂနွေည ၉း၃၀ နာရီ)
ဘန်လေအသင်းက မျှော်လင့်ချက်သာ ရှိသေးရင် ဒီပွဲမှာ နော်တင်ဟမ်ဖောရက်စ် ကို မဖြစ်မနေအနိုင်ကစားမှာပါ။ အခုကတော့ နှစ်သင်းစလုံးက အဖြေထွက်သွားပြီဖြစ်ပြီး နော်တင်ဟမ်လည်း တန်းမဆင်းတော့ဘူး။ ဘန်လေကတော့ တန်းဆင်းဖို့သေချာသွားခဲ့ပြီ။ ဒါပေမဲ့ ကွန်ပနီက သူ့အသင်းကို အိမ်ကွင်းနောက်ဆုံးပွဲမှာ ပရိသတ်တွေကျေနပ်စေမယ့် ရလဒ်ယူဦးမှာပါ။ ဘန်လေကို ကြိုက်တယ်။
ချယ်လ်ဆီး - ဘုန်းမောက် (တနင်္ဂနွေည ၉း၃၀ နာရီ)
ခြေစွမ်းထက် အသင်းနှစ်သင်းရဲ့ ပွဲစဉ်ဖြစ်တယ်။ ဘုန်းမောက်အသင်းကတော့ ခြေ စွမ်းကောင်းပေမယ့် နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲဆက်ရှုံးပွဲတွေ့ထားပြီး ချယ်လ်ဆီးအသင်း က ရလဒ်ကောင်းတွေ ဆက်တိုက်ယူနေတယ်။ အဆင့် ၆ နေရာအတွက် မျှော်လင့်ချက် လည်းရှိနေလို့ အိမ်ကွင်းမှာချယ်လ်ဆီးအသင်း အမှားခံမယ်မထင်ဘူး။ ချယ်လ်ဆီးပဲ နိုင်ပွဲ ရသွားလိမ့်မယ်။
ခရ/စ္စတယ်ပဲလေ့စ် - အက်စတွန်ဗီလာ (တနင်္ဂနွေည ၉း၃၀ နာရီ)
ဗီလာအတွက်လည်း စပါးသာ မန်စီးတီးကိုနိုင်ခဲ့ရင် ဒီပွဲက စိုးရိမ်စရာဆိုပေမယ့် အ ခုက အဆင့် ၄ နေရာသေချာသွားပြီဖြစ်လို့ ရလဒ်ပိုင်းက အရေးမပါတော့ဘူး။ အခြားတစ် ဖက်မှာလည်း ပဲလေ့စ်ရဲ့ ခြေစွမ်းက အကောင်းဆုံးအနေအထားကို ရောက်နေတယ်။ ဂ လက်စ်နာလက်ထက်မှာ ရလဒ်တွေကလည်း ဆက်တိုက်ကောင်းနေတယ်။ ဒီပွဲက အ ကြိတ်အနယ်ရှိမှာပါ။ သရေကျဖို့တော့ များတယ်။
လီဗာပူးလ် - ဝုလ်ဗ် (တနင်္ဂနွေည ၉း၃၀ နာရီ)
လီဗာပူးလ်အသင်းကတော့ အက်စတွန်ဗီလာအသင်းကို ဂိုးပြတ်သွင်းထားပြီးမှ ဂိုး တွေ ပြန်ပေးပြီး သရေကျခဲ့တယ်။ အသင်းရဲ့ခံစစ်ပိုင်းက ပြဿနာလည်း ရှိနေတယ်။ ဝုလ်ဗ် အသင်းရဲ့ နောက်ဆုံးပွဲရလဒ်တွေက စိတ်ဝင်စားစရာမရှိပါဘူး။ တန်းမဆင်းရဖို့ သေချာ တဲ့နောက် ဝုလ်ဗ်ရဲ့ရလဒ်တွေက ဆက်တိုက်ကျဆင်းခဲ့တယ်။ အခု ဒီပွဲမှာလည်း ကလော့ပ် ရဲ့ နောက်ဆုံးပွဲအဖြစ် လီဗာပူးလ် အစွမ်းကုန်ပေါက်ကွဲပြပါလိမ့်မယ်။
လူတန် - ဖူလ်ဟမ် (တနင်္ဂနွေည ၉း၃၀ နာရီ)
လူတန်တောင်းအသင်းပရိသတ်တွေက တန်းဆင်းခဲ့ပေမယ့် သူတို့ နည်းပြကို အား ပေးဂုဏ်ပြုခဲ့ကြတယ်။ လူတန်ကလည်း တကယ်ကို တန်းဆင်းခဲ့ပေမယ့် ဖျော်ဖြေမှုပေး နိုင်တဲ့ ကစားဟန်နဲ့ ပရိသတ်တွေကို စိတ်ဝင်စားစရာပုံစံကောင်းကို ပြသနိုင်ခဲ့တယ်။ ဖူလ် ဟမ်ကလည်း ကစားသမားကောင်းတွေနဲ့ အသင်းကောင်းတစ်သင်းပါ။ ရလဒ်တွေဆိုးနေ တာက ပွဲကျပ်တာနဲ့အမှတ်မလိုတာကြောင့်ဖြစ်တယ်။ ဒီပွဲက သရေကျမယ်။
မန်စီးတီး - ဝက်စ်ဟမ်း (တနင်္ဂနွေည ၉း၃၀ နာရီ)
ဒေးဗစ်မွိုက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းက ရလဒ်တွေဆက်တိုက်ဆိုးနေခဲ့ပြီးမှ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ လူတန်တောင်း အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တယ်။ ဒီပွဲက ဝက်စ်ဟမ်းအသင်းနည်းပြဘ၀ နောက်ဆုံးပွဲစဉ်ဖြစ်ပြီး အဝေးကွင်းမဟုတ်ပဲ အိမ် ကွင်းပရိသတ်ရှေ့မှာသာဆိုရင်တော့ ပရိသတ်တွေကို တစ်ခုခုလုပ်ပြချင်စိတ်ရှိလိမ့်မယ်။ ဒါပေမဲ့ တကယ်တော့ ဝက်စ်ဟမ်းလို အမှတ်လိုအပ်ချက်လုံးဝမရှိတဲ့အသင်း တစ်သင်းအတွက် စီးတီးကွင်းမှာ အမှတ်ယူဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ နောက် တစ်ချက်က ဝက်စ်ဟမ်းက အမှတ်လိုနေတယ်ဆိုရင်တောင်၊ အိမ်ကွင်းမှာ ကစားရမယ်ဆိုရင်တောင် စီးတီးသာ အမှတ်လိုနေ ရင် တားဆီးနိုင်မယ်လို့လည်း မထင်ဘူး။ ဒီပွဲက စီးတီးအတွက် နိုင်ပွဲကလွဲပြီး တခြားဘာရလဒ်မှ ကျဖို့မဖြစ်တဲ့ပွဲမှာ သေချာ ပေါက် စီးတီးနိုင်လိမ့်မယ်။ ဂိုးပြတ်သွင်းလိမ့်မယ်။
ရှက်ဖီးယူနိုက်တက် - စပါး (တနင်္ဂနွေည ၉း၃၀ နာရီ)
ရှက်ဖီးယူနိုက်တက်အသင်းက တန်းဆင်းဖို့ မသေချာခင်ကလည်း ရှုံးပွဲတွေဆက် ခဲ့တယ်။ တန်းဆင်းပြီးနောက်ပိုင်းမှာလည်း ရှုံးပွဲတွေ ဆက်ခဲ့တယ်။ စပါးအသင်းကတော့ မန်စီးတီးကို ရှုံးသွားပြီးတဲ့နောက်အဆင့် ၅ နေရာက သေချာသွားခဲ့ပါပြီ။ ဘာမှ လုပ်လို့မရ တော့ဘူး။ ဒါပေမဲ့ အသင်းလိုက် ခြေစွမ်းပိုင်းမှာတော့ စပါးက အပြတ်အသတ် အသာစီး ရထားပါတယ်။ စပါးပဲ နိုင်မယ်။















