မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ဖလားများကို ရယူလိုကြောင်း အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် ဖွင့်ဟ

မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ဖလားများကို ရယူလိုကြောင်း အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် ဖွင့်ဟ
Photo : Getty Images
Photo : Getty Images
Published 1 August 2024

ယခုနွေတွင် အသင်းပြောင်းရွှေ့ဖွယ်ရှိသည်ဟု သတင်းထွက်နေသည့် မန်ယူတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က အသင်းနှင့်အတူ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ဖလားများကို ရယူလိုကြောင်း ပြောကြားခဲ့သည်။

အသက် (၂၆) နှစ်အရွယ် အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၄၃)ပွဲတွင် (၈)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

ထို့ကြောင့် မန်ယူအနေဖြင့် ယခုနွေတွင် ထိုက်တန်သည့်ကြေးဖြင့်ကမ်းလှမ်းမှုများ ရှိလာပါက ရပ်ရှ်ဖို့ဒ်အား ရောင်းထုတ်ရန်ဆန္ဒရှိနေသည်ဟု သတင်းထွက်ပေါ်ခဲ့သလို၊ ကစားသမား ကိုယ်တိုင်ကလည်း အသင်းမှထွက်ခွာလိုနေသည်ဟု ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။

သို့သော် ယခုအခါ ရပ်ရှ်ဖို့ဒ်က မန်ယူအသင်းနှင့်အတူ အဓိကဆုဖလားများရယူလိုသည်ဟုဆိုကာ အနာဂတ်လှုပ်ခတ်နေမှုများကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ရပ်ရှ်ဖို့ဒ်က "အသက်ကြီးလာရင် အိပ်မက်တွေလည်းပြောင်းလာပါတယ်။ အစက ကျွန်တော့်ရဲ့အိပ်မက်က မန်ယူအသင်းမှာ ကစားခွင့်ရဖို့ပါ။ အဲဒီရည်မှန်းချက်ပြည့်မြောက်ခဲ့ပြီဆိုတော့ အခုက ဆုဖလားတွေလို ချင်ပါတယ်။ ကျွန်တော့်အနေနဲ့ အခု အချိန်မှာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ ရယူချင်ပါတယ်။ လုပ်နိုင်ဖို့လည်းမျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Recent