■ မက်ဆီ၏ ကိုပါအမေရိကပြိုင်ပွဲမှ ဂိုးဖန်တီးမှုစံချိန်ကို ဟာမီးစ်ရိုဒရီဂွက်ဇ် ချိုးဖျက်

■ မက်ဆီ၏ ကိုပါအမေရိကပြိုင်ပွဲမှ ဂိုးဖန်တီးမှုစံချိန်ကို ဟာမီးစ်ရိုဒရီဂွက်ဇ် ချိုးဖျက်
Photo: Getty Images
Photo: Getty Images
Published 12 July 2024

ကိုလံဘီယာအသင်း၏ ကွင်းလယ်တိုက်စစ်ကစားသမား ဟာမီးစ်ရိုဒရီဂွက်ဇ်သည် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ၏ ကိုပါအမေရိကပြိုင်ပွဲမှ ဂိုးဖန်တီးမှုစံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ 

မက်ဆီသည် ပြီးခဲ့သည့် ၂၀၂၁ ကိုပါအမေရိကပြိုင်ပွဲတွင် ဂိုးဖန်တီးမှု (၅)ကြိမ်ပြုလုပ်ကာ ပြိုင်ပွဲတစ်ခုအတွင်း ဂိုးဖန်တီးမှု အများဆုံးပြုလုပ်နိုင်သည့် ကစားသမားအဖြစ် စံချိန်တင်ထားခဲ့ခြင်းဖြစ်သည်။  

ယခုအခါ ဟာမီးစ်ရိုဒရီဂွက်ဇ်က ဂိုးဖန်တီးမှု (၆)ကြိမ်ဖြင့် မက်ဆီ၏ စံချိန်ကို ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။ 

ဟာမီးစ်ရိုဒရီဂွက်ဇ်သည် အုပ်စုအဆင့်တွင် ဂိုးဖန်တီးမှု (၃)ကြိမ်၊ ကွာတားဖိုင်နယ်တွင် (၂)ကြိမ်၊ ဆီမီးဖိုင်နယ်တွင် (၁)ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent