ဆယ်ကျော်သက်တောင်ပံကစားသမား ယမားလ်အတွက် ယူရိုသန်း(၂၀၀)ဖြင့် ကမ်းလှမ်းမှုကို ဘာစီလိုနာအသင်း ငြင်းပယ်

ဆယ်ကျော်သက်တောင်ပံကစားသမား ယမားလ်အတွက် ယူရိုသန်း(၂၀၀)ဖြင့် ကမ်းလှမ်းမှုကို ဘာစီလိုနာအသင်း ငြင်းပယ်
Photo: ESPN
Photo: ESPN
Published 13 March 2024

 

ဘာစီလိုနာအသင်းသည် ဆယ်ကျော်သက်တောင်ပံကစားသမား ယမားလ်အတွက် ယူရိုသန်း (၂၀၀)ဖြင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။

ယမားလ်(၁၆ နှစ်)သည် ဘာစီလိုနာအသင်း၏ နာမည်ကျော် လာမာစီယာအကယ်ဒမီမှ ထွက်ပေါ်လာသည့် ကစားသမားဖြစ်ပြီး လက်ရှိ နည်းပြ ဇာဗီ၏ ခေါ်ယူမှုဖြင့် အသင်းကြီးနှင့်အတူ စတင်လေ့ကျင့်ခွင့်ရရှိခဲ့သူဖြစ်သည်။ ယမားလ်သည် ပြီးခဲ့သည့်ရာသီကုန်ခါနီးတွင် ဘာစီလိုနာ အသင်းအတွက် စတင်ကစားခွင့်ရရှိခဲ့ပြီးနောက် ယခုရာသီတွင် အသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ 

ထို့ကြောင့် ဘာစီလိုနာအသင်းက ပြီးခဲ့သည့် အောက်တိုဘာလတွင် ၂၀၂၆ ခုနှစ် အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပြီး ယူရိုသန်း(၁၀၀၀)တန် လျော်ကြေးစာချုပ်လည်း ထည့်သွင်းချုပ်ဆိုခဲ့သည်။ ထို့ကြောင့် ယခုအခါ ၎င်းအား ယူရိုသန်း(၂၀၀)ဖြင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယမားလ်အား ကမ်းလှမ်းခဲ့သည့်အသင်းမှာ PSG အသင်းဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူး ဘာပေ၏နေရာတွင် ရေရှည်အစားထိုးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးအခက်အခဲရှိနေသည့် အသင်းဖြစ်သော်လည်း အနာဂတ်အတွက် ရည်မှန်းထားသည့်အသင်းများကို ရောင်းထုတ်လိုခြင်းမရှိသောကြောင့် PSG အသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း Marca က ဖော်ပြခဲ့သည်။

Most Read

Most Recent