မန်ယူအသင်း၏ ပါတီပွဲတွင် ကက်စီမီရို ပါဝင်ခြင်းမရှိဘဲ မိသားစုနှင့်အတူ ခရီးထွက်ခဲ့

မန်ယူအသင်း၏ ပါတီပွဲတွင် ကက်စီမီရို ပါဝင်ခြင်းမရှိဘဲ မိသားစုနှင့်အတူ ခရီးထွက်ခဲ့
Photo: Daily Mail
Photo: Daily Mail
Published 27 May 2024

မန်ယူအသင်း၏ ကွင်းလယ်ကစားသမား ကက်စီမီရိုသည် FA ဖလား ချန်ပီယံဆုရရှိခဲ့ပြီးနောက် ညပိုင်းတွင် မန်ယူအသင်း အောင်ပွဲခံပါတီ ဆင်နွှဲရာ၌ ပါဝင်ခြင်းမရှိဘဲ မိသားစုနှင့်အတူ အားလပ်ရက်ခရီး ထွက်ခွာခဲ့ကြောင်း သိရသည်။

ကက်စီမီရို၏ ဇနီးဖြစ်သူ အန်နာမာရီယာနာက ကလေးနှစ်ဦးနှင့်အတူ မိသားစု လေယာဉ်ပေါ်၌ ရှိနေသည့်ပုံကို လူမှုကွန်ရက်တွင် ဖော်ပြခဲ့ပြီး အားလပ်ရက်ခရီး ထွက်ခွာသွားပြီဟု ရေးသားခဲ့သည်။

ကက်စီမီရိုသည် ယခုရာသီတွင် ခြေစွမ်းမပြနိုင်သည့်အတွက် ဝေဖန်ခံနေရသူဖြစ်ပြီး FA ဖလားဗိုလ်လုပွဲတွင်လည်း ဒဏ်ရာပြဿနာကြောင့် မပါဝင်နိုင်ခဲ့ပေ။

၎င်းသည် ယခုနွေရာသီတွင် မန်ယူအသင်းနှင့် လမ်းခွဲဖွယ်ရှိကြောင်းလည်း သတင်းထွက်နေသည်။

Most Read

Most Recent