PSG အသင်းတွင် ဘာပေ၏အနာဂတ် ဆက်မရှိတော့သဖြင့် နည်းဗျူဟာပိုင်းစမ်းသပ်မှုများ လုပ်ဆောင်နေရဟု နည်းပြ လူးဝစ်အန်နရီကေး ဝန်ခံ

PSG အသင်းတွင် ဘာပေ၏အနာဂတ် ဆက်မရှိတော့သဖြင့် နည်းဗျူဟာပိုင်းစမ်းသပ်မှုများ လုပ်ဆောင်နေရဟု နည်းပြ လူးဝစ်အန်နရီကေး ဝန်ခံ
Photo : Getty Images
Photo : Getty Images
Published 6 March 2024

PSG အသင်းနည်းပြ လူးဝစ်အန်နရီကေးက PSG တိုက်စစ်မှူး ဘာပေ၏အနာဂတ်မှာ အသင်းတွင် ဆက်လက်ရှိနေတော့မည်မဟုတ်သဖြင့် နည်းဗျူဟာပိုင်းစမ်းသပ်မှုများ လုပ်ဆောင်နေရကြောင်း ဝန်ခံသွားခဲ့သည်။

"ကြည့်ရတာကတော့ ဘာပေရဲ့ မဝေးတော့တဲ့အနာဂတ်ဟာ PSG အသင်းမှာ ဆက်ရှိလိမ့်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နည်းဗျူဟာတွေကို ကျွန်တော်တို့ စမ်းသပ်ထားရပါမယ်"ဟု အန်နရီကေးက ဆိုစီဒက်အသင်း အား (၂-၁)ဂိုးဖြင့် အနိုင်ရကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

PSG အသင်းသည် ဘာပေ၏အနာဂတ်နှင့်ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ခြင်း မရှိသော်လည်း ယခုရာသီကုန်တွင် လမ်းခွဲရန်မှာ ရာနှုန်း ပြည့်သေချာနေပြီဖြစ်ကြောင်း သိရသည်။

ဘာပေသည် PSG ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ၊ နည်းပြ အန်နရီကေးနှင့် အသင်းဖော်များကို ၎င်းင်းထွက်ခွာတော့မည့်အကြောင်း အသိပေးထား ပြီး ရီးယဲလ်အသင်းနှင့်လည်း စာချုပ်ကိစ္စအတွက် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

ဆိုစီဒက်နှင့်ပွဲ၌ PSG အသင်းအတွက် ဂိုးများကို ဘာပေတစ်ဦးတည်းက (၁၅၊ ၅၆)မိနစ်များတွင် သွင်းယူခဲ့ပြီး အိမ်ရှင်ဘက်မှ မယ်ရီနိုက (၈၉)မိနစ်တွင် တစ်ဂိုး ပြန်သွင်းခဲ့သည်။

ဘာပေအနေဖြင့် ယခုရာသီ ပြိုင်ပွဲစုံတွင် PSG အသင်း အတွက် (၃၄)ပွဲကစားရာ၌ (၃၄)ဂိုးသွင်းထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၆)ဂိုးအထိ ရရှိထားကြောင်း သိရသည်။

ထို့ပြင် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် (၆၉)ပွဲတွင် (၄၆)ဂိုးသွင်းယူထားပြီး ဂိုးသွင်းအများဆုံးစာရင်းတွင် အူဆီဘီယို၊ ဖိလစ်ပိုအင်ဇာဂီတို့နှင့် အတူ အဆင့် (၁၂)နေရာတွင် ရပ်တည်လျက်ရှိသည်။ ဘာပေသည် PSG နှင့် ပြိုင်ပွဲစုံ (၂၉၄)ပွဲတွင် (၂၄၆)ဂိုး သွင်းယူထားသည်။