ဆာဟင် ထိပ်တန်းနည်းပြ ဖြစ်လာနိုင်သည်ဟု ယာဂန်ကလော့ပ် သုံးသပ်

ဆာဟင် ထိပ်တန်းနည်းပြ ဖြစ်လာနိုင်သည်ဟု ယာဂန်ကလော့ပ် သုံးသပ်
Photo: ESPN
Photo: ESPN
Published 20 June 2024

လီဗာပူးလ်နှင့် ဒေါ့မွန်နည်းပြဟောင်း ကလော့ပ်က ဒေါ့မွန်နည်းပြ ဆာဟင်သည် အနာဂတ်တွင် ထိပ်တန်းနည်းပြဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ဒေါ့မွန်အသင်းသည် အသင်းမှထွက်ခွာသွားသည့် နည်းပြ တယ်ဇစ်၏နေရာတွင် အသင်းကစားသမားဟောင်းတစ်ဦးဖြစ်သည့် ဆာဟင်(၃၅ နှစ်)အား အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ကလော့ပ်က ''အသက်(၃၅) နှစ်ပဲ ရှိသေးတဲ့ ဆာဟင်က နည်းပြတစ်ဦးအနေနဲ့ အရမ်းငယ်ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်လည်း အဲဒီအရွယ်မှာ နည်းပြလုပ်ခဲ့တာပါ။ သူဟာ အနာဂတ်မှာ ထိပ်တန်းနည်းပြတစ်ဦး ဖြစ်လာနိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent