လူ့အခွင့်အရေးကောင်စီ၏ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်အချို့ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ ပါဝင်နေသည့်အတွက် အရေးယူပေးရန် တောင်းဆိုထားသော အစီရင်ခံစာသည် စီးပွားရေးအရ ထိခိုက်မှုများ ရှိနိုင်သည့်အတွက် စိုးရိမ်ပူပန်မိကြောင်း UMFCCI ထုတ်ပြန်

လူ့အခွင့်အရေးကောင်စီ၏ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်အချို့ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ ပါဝင်နေသည့်အတွက် အရေးယူပေးရန် တောင်းဆိုထားသော အစီရင်ခံစာသည် စီးပွားရေးအရ ထိခိုက်မှုများ ရှိနိုင်သည့်အတွက် စိုးရိမ်ပူပန်မိကြောင်း UMFCCI ထုတ်ပြန်
Published 29 June 2024

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင် စီသည် အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်အချို့ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှု များ၌ ပါဝင်နေသည့်အတွက် အရေးယူပေး ရန် တောင်းဆိုထားသော အစီရင်ခံစာသည် စီးပွားရေးအရ ထိခိုက်မှုများရှိနိုင်သည့်အ တွက် စိုးရိမ်ပူပန်မိကြောင်း မြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းချုပ် (UMICCI) က ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သည် ပုဂ္ဂ လိက ကဏ္ဍကို ကိုယ်စားပြု၍ မြန်မာ့စီးပွား ရေး စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးရေးကို ဦး တည်ဆောင်ရွက်နေသော အဖွဲ့အစည်းတစ် ရပ်ဖြစ်ကြောင်း၊ အသင်းချုပ်အနေဖြင့် မြန်မာ နိုင်ငံရှိ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ် ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်ရန်နှင့် နိုင်ငံတကာနှင့်ချိတ်ဆက်မှုများ ကောင်းမွန်ချောမွေ့စေရန် အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း UMICCI က ထုတ်ပြန်သည်။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ထုတ်ပြန်ချက်ပါ အပြည်ပြည်ဆိုင် ရာဘဏ်များ၊ ပြည်တွင်း နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့ကို အရေးယူရန် လုပ် ဆောင်ခြင်းသည် ပြည်တွင်းစီးပွားရေးလုပ် ငန်းများ လည်ပတ်မှုအပေါ် သိသာသည့်သက် ရောက်မှုများရှိစေသည့်အပြင် အဆိုပါလုပ် ငန်းများကို မှီခိုနေသော ဝန်ထမ်းများနှင့် ၎င်းင်း တို့မိသားစုများ၏ စားဝတ်နေရေးကိုပါ ထိ ခိုက်စေနိုင်ကြောင်း၊ ဘဏ္ဍာရေးစနစ်သည် စီးပွားရေးလုပ်ငန်းများ၏ သွက်လက်မှုကို ထောက်ပံ့ပေးနေသော အဓိကကျသည့် အ ချက်ဖြစ်၍ အဆိုပါစနစ်ကို ပိတ်ပင်ခြင်း ကြောင့် မြန်မာ့စီးပွားရေး အရင်းအမြစ်များကို ထိခိုက်စေကြောင်း UMICCI က ထုတ်ပြန် သည်။

နိုင်ငံပိုင်ဘဏ်များအပါအဝင်ပြည်တွင်း ဘဏ်များအားလုံး၏ အပြည်ပြည်ဆိုင်ရာ အဆက်အသွယ်ဘဏ်များအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ငွေကြေး လွှဲ ပြောင်းမှုများကို ဆောင်ရွက်ပေးရာတွင် လို အပ်သည့် အထောက်အထားများအား ရယူ၍ အလေးထားစိစစ်ခြင်းကို တိုးမြှင့်ဆောင်ရွက် ခြင်း ((Enhanced Due Diligence- EDD)) အား ကောင်းစွာဆောင်ရွက်ကာ ပြည်သူအ များနှင့် စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာ ရေး ဝန်ဆောင်မှုများ ချောမွေ့စေရန် ဆောင် ရွက်ပေးလျက်ရှိကြောင်း UMICCI က ထုတ် ပြန်သည်။

          ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများအား ထိ ခိုက်စေနိုင်မှုမှတစ်ဆင့် အများပြည်သူ နစ်နာ ဆုံးရှုံးမှုကို မဖြစ်ပေါ်စေရန်နှင့် သာမန်ပြည် သူများ၏ လူမှုစီးပွားဘဝအား ထိခိုက်မှု မရှိ စေရန်တို့ကို ဆောင်ရွက်ပေးရန် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများအား တိုက်တွန်း လိုပါကြောင်း UMICCI က ထုတ်ပြန်သည်။

          ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏အစီရင်ခံစာပါ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၌ အပြည် ပြည်ဆိုင်ရာဘဏ်များ၊    ပြည်တွင်းနိုင်ငံပိုင် ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှ ပါဝင်ဆောင် ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန် တောင်းဆိုချက်များသည် မြန်မာပြည်လူထု၏ အကျိုးစီးပွားကို ထိခိုက်စေသည့်အပြင် မြန် မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား စီးပွား ရေးအရ ဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင် မည်ဖြစ်သဖြင့် ကုန်သည်စက်မှုအသင်းချုပ် အနေဖြင့် စိုးရိမ်ပူပန်မိပါကြောင်းနှင့် အသင်း ချုပ်သည် နိုင်ငံ့စီးပွားရေးနှင့် သာမန်ပြည်သူ များ၏ လူမှုစီးပွားဘဝများ ရှင်သန်ရေးတို့ အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း UMICCI က ထုတ်ပြန် သည်။

Most Read

Most Recent