ယူရို ၂၀၂၄ ပြိုင်ပွဲသို့ အိမ်စာများကို ယူဆောင်လာကြောင်း စပိန်လူငယ်တိုက်စစ်ကစားသမား ယမားလ် ဖွင့်ဟ

ယူရို ၂၀၂၄ ပြိုင်ပွဲသို့ အိမ်စာများကို ယူဆောင်လာကြောင်း စပိန်လူငယ်တိုက်စစ်ကစားသမား ယမားလ် ဖွင့်ဟ
Photo : Getty Images
Photo : Getty Images
Published 13 June 2024

စပိန်လူငယ်ကွင်းလယ်ကစားသမား ယမားလ်က မိမိအနေဖြင့် ယူရို ၂၀၂၄ ပြိုင်ပွဲသို့ ကျောင်းမှဆရာများပေးသည့် အိမ်စာများကို ယူဆောင်လာကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အသက် (၁၇) နှစ်သာ ရှိသေးသည့် ယမားလ်သည် (၁၅)နှစ်အရွယ်တွင် ပရော်ဖက်ရှင်နယ်အဖြစ်စတင်ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ဘာစီလိုနာအသင်းနှင့်အတူ တောက်ပလာသူဖြစ်သည်။

၎င်းသည် ၂၀၂၃ စက်တင်ဘာတွင် ဂျော်ဂျီယာအသင်း နှင့်ပွဲတွင်ပါဝင်ခဲ့ပြီး အသက် (၁၆)နှစ်ဖြင့် စပိန်အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးပွဲကစားသူအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်သည်။

ယမားလ်က မိမိအနေဖြင့် ဘောလုံးတစ်ခုတည်းကို အာရုံစိုက်ထား၍ မရကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်က ESO စတုတ္ထနှစ်ကို တက်နေတာပါ။ ဒါကြောင့် ယူရိုကိုအိမ်စာတွေ သယ်လာခဲ့ပါတယ်။ အွန်လိုင်း Class တွေလည်း တက်နေပါတယ်။ ဆရာတွေတော့ ကျွန်တော့်ကိုစိတ်မဆိုးဖို့မျှော်လင့်ပါတယ်" ဟု ဆိုခဲ့သည်။

Most Read

Most Recent