■ အလန်ရှီးယား၏ အကောင်းဆုံးအသင်းတွင် အာဆင်နယ်ကစားသမား (၆)ဦး ပါဝင်

■ အလန်ရှီးယား၏ အကောင်းဆုံးအသင်းတွင် အာဆင်နယ်ကစားသမား (၆)ဦး ပါဝင်
Photo: Premier League
Photo: Premier League
Published 24 May 2024

ပရီးမီးယားလိဂ်ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယားရွေးချယ်သည့် ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းတွင် အာဆင်နယ် ကစားသမား(၆)ဦးပါဝင်ပြီး ချန်ပီယံမန်စီးတီးအသင်းထက်ပင် ပိုမိုများပြားခဲ့ကြောင်း သိရသည်။

အလန်ရှီးယားသည် ပွဲစဉ်အလိုက် အကောင်းဆုံးအသင်းကို ပုံမှန်ရွေး ချယ်နေခဲ့သူဖြစ်ပြီး တစ်ရာသီလုံးစာ အကောင်းဆုံးအသင်းကို မေ(၂၃)တွင် ရွေးချယ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

အလန်ရှီးယား ရွေးချယ်သည့် ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းတွင် ဂိုး - ပစ်ဖို့ဒ်(အဲဗာတန်)၊ နောက် - ဘင်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်(အာဆင်နယ်)၊ လယ် - ဒက်ကလန်ရိုက်စ်(အာဆင်နယ်)၊ ရိုဒရီ(မန်စီးတီး)၊ ပါလ်မာ(ချယ်လ်ဆီး)၊ အော်ဒီဂွါ( ဆာဆင်နယ်)၊ ဖိုဒန်(မန်စီးတီး)၊ ရှေ့ - ဝက်ကင်စ်(အက်စတွန်ဗီလာ)၊ ဟာလန်း(မန်စီးတီး)တို့ ပါဝင်ခဲ့သည်။ 

အလန်ရှီးယားက အကောင်းဆုံးနည်းပြအဖြစ် မန်စီးတီးနည်းပြ ဂွါဒီယိုလာကို ရွေးချယ်ခဲ့သည်။ 

အာဆင်နယ်အသင်းသည် ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပေးဂိုးအနည်းဆုံးဖြစ်ခဲ့သည့်အတွက် ခံစစ်ကစားသမား(၃)ဦး ရွေးချယ်ခံရခြင်းဖြစ်သည်။ 

Most Read

Most Recent