ကမ္ဘာ့နိုင်ငံရေးအခြေအနေတည်ငြိမ်စေရန် ထိန်းချုပ်ပေးသော စနစ်(world order) ခြိမ်းခြောက်ခံ‌နေရသည်ဟု အမေရိကန်နှင့်ဗြိတိန် ထောက်လှမ်းရေးအကြီးအကဲတို့ သတိပေး

ကမ္ဘာ့နိုင်ငံရေးအခြေအနေတည်ငြိမ်စေရန် ထိန်းချုပ်ပေးသော စနစ်(world order) ခြိမ်းခြောက်ခံ‌နေရသည်ဟု အမေရိကန်နှင့်ဗြိတိန် ထောက်လှမ်းရေးအကြီးအကဲတို့ သတိပေး
Published 7 September 2024

ကမ္ဘာ့နိုင်ငံရေးအခြေအနေတည်ငြိမ်စေရန် ထိန်းချုပ်ပေးသော စနစ်(world order) သည် စစ်အေးနောက်ပိုင်း မိမိတို့မမြင်ဘူးသော နည်းလမ်းဖြင့် ခြိမ်းခြောက်ခံနေရသည်ဟု စီအိုင်အေညွှန်ကြားရေးမှူး ဘီလ်ဘန်းနှင့် ဗြိတိန်ထောက်လှမ်းရေးအဖွဲ့MI 6 ညွှန်ကြားရေးမှူး ရစ်ချဒ်မိုးတို့က စက်တင်ဘာ ၇ ရက်တွင် သတိပေးခဲ့သည်။

Financial Times သတင်းစာခေါင်းကြီးပိုင်းနှင့်မျက်နှာချင်းဆိုင်စာမျက်နှာတွင်ဖော်ပြထားသော ဝေဖန်ချက်ဆောင်းပါး (op-ed)တွင်ရေးသားရာ၌၎င်းတို့နှစ်ဦးက"မိမိတို့သည် တစ်ဦးနှင့်တစ်ဦးထက် ပိုမိုယုံကြည်သော သို့မဟုတ် ပိုလေးစားရသော မဟာမိတ်များမရှိ"ဟု ‌ဖော်ပြခဲ့ပြီး မဟာမိတ်တို့သည် အထူးသဖြင့် ရုရှား၊တရုတ်၊အရှေ့အလယ်ပိုင်းတို့ထံမှ မကြုံစဖူးခြိမ်းခြောက်မှုတစ်သီတစ်တန်းကို ရင်ဆိုင်နေရ‌သောကြောင့် မိတ်ဖက်နိုင်ငံတို့သည် အလွန်အရေးပါသည်ဟု ဖြည့်စွက် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲတွင် ဆင်နွှဲခဲ့သော ရုရှားကျူးကျော်မှုကို ယူကရိန်း ခုခံရာတွင် အမေရိကန်ပြည်ထောင်စုနှင့် ‌ဗြိတိန်တို့က ယူကရိန်းကို ဘဏ္ဍာရေးနှင့်စစ်ရေးအကူအညီ အများဆုံးပေးထားသော နိုင်ငံများထဲတွင် ပါဝင်သည်။

"အခက်အခဲများကြားထဲ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်နေရေးဟာ ပိုပြီးအရေးပါလာပါတယ်"ဟု ၎င်းတို့ကရေးသားခဲ့သည်။

"ဥရောပတစ်ခွင်မှာရုရှာထောက်လှမ်းရေးက မဆင်မခြင် လုပ်ဆောင်တဲ့ အဖျက်အမှောင့်လုပ်ရပ် အလျဉ်ပြတ်သွားစေဖို့ ကျွန်တော်တို့ ဆက်လက် ပူးပေါင်းဆောင်ရွက်နေပါတယ်"ဟု ၎င်းတို့က ရေးသားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမား စက်တင်ဘာ ၁၃ ရက်တွင် ဝါရှင်တန်ကို မသွားမီ ရက်ပိုင်းအတွင် အမေရိကန်နှင်ဗြိတိန် ထောက်လှမ်းရေးအကြီးအကဲတို့၏ပူးတွဲဆောင်းပါး ထွက်ပေါ်လာခြင်းဖြစ်သည်။ ဝါရှင်တန်တွင် ကီယာစတာမားကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က လက်ခံကြိုဆိုမည်ဟု သိရသည်။

ဗြိတိန်သည် အစ္စရေးသို့ လက်နက်တင်ပို့မှုလိုင်စင် ၃၀ ကိုရပ်ဆိုင်းထားကြောင်းကြေညာခဲ့သည်။ နိုင်ငံကာဥပဒေကို ချိုးဖောက်သည့်ပုံစံဖြင့်အဆိုပါလက်နက်များကို ဂါဇာတွင်အသုံးပြုနိုင်သည်ဟု ဗြိတိန်အစိုးရက ဖော်ပြခဲ့သည်။

Ref:AFP

Photos:AP,AFP,Reuters

Most Read

Most Recent