ကမ္ဘာ့စံချိန်တင် အပူချိန် အမြင့်ဆုံး စာရင်းဝင်ခဲ့သည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မိုးဦးကျ မိုးများရွာသွန်းခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများ စတင်

ကမ္ဘာ့စံချိန်တင် အပူချိန် အမြင့်ဆုံး စာရင်းဝင်ခဲ့သည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မိုးဦးကျ မိုးများရွာသွန်းခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများ စတင်
■Photo:ရေနံချောင်းမြို့နယ်အတွင်း မြေပဲစိုက်ပျိုးနေသည့် လုပ်ငန်းခွင်တစ်ခုကို မေ ၃ ရက်နေ့က တွေ့ရစဉ်
■Photo:ရေနံချောင်းမြို့နယ်အတွင်း မြေပဲစိုက်ပျိုးနေသည့် လုပ်ငန်းခွင်တစ်ခုကို မေ ၃ ရက်နေ့က တွေ့ရစဉ်
Published 3 June 2024

ကမ္ဘာ့စံချိန်တင် အပူချိန်အမြင့်ဆုံး စာရင်းဝင်ခဲ့သည့် မကွေးတိုင်းဒေသကြီး အတွင်းရှိ ချောက်၊ ရေနံချောင်း၊ မကွေး စသည့် မြို့နယ်များတွင် ဇွန်လဆန်းပိုင်းက မိုးဦးကျမိုးများရွာသွန်းအပြီး စိုက်ပျိုးရေးလုပ်ငန်းများ စတင်လျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

မကွေးတိုင်းဒေသကြီး ချောက်မြို့သည် မေလအတွင်းက ကမ္ဘ့အပူဆုံးမြို့များတွင် နံပါတ်တစ်ဖြစ်သည်အထိ စံချိန်တင်ခဲ့ကြောင်း ချောက်မြို့အပါအဝင် ရေနံချောင်း မကွေး မင်းဘူး စသည့်မြို့နယ်များတွင် မေလကုန်ပိုင်းနှင့် ဇွန်လဆန်းပိုင်းတို့က မိုးများရွာသွန်းခဲ့သောကြောင့် နေ့အပူချိန်များ လျော့ကျသွားခဲ့ပြီး မြေပဲ၊ နှမ်းစသည့် သီးနှံများစတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 " မေလ ၂၃ ရက်နေ့က မိုးတစ်မိုးရွာခဲ့ပေမယ့် မေလကုန်ပိုင်းအထိ လှောင်ပြုတ်ပြီး ပူအိုက်နေခဲ့ပါတယ်။ ဇွန်လ ရက်နေ့က မြို့နယ်အတော်များများမှာ မိုးတွေရွာခဲ့လို့ အပူချိန်လည်း လျော့ကျသွားပြီး တောင်သူတွေလည်း စိုက်ပျိုးရေးတွေ စတင်နိုင်ကြပြီလို့ သိရပါတယ် " ဟု မကွေးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ရေနံချောင်းမြို့နယ်အတွင်းမှ တောင်သူတစ်ဦးက " ကျွန်တော်တို့ဆီမှာတော့ အခု ဇွန် ရက်နေ့က မိုးထပ်ရွာလို့ ကျေးရွာအတော်များများမှာ မြေပဲတွေ စိုက်နေကြပါတယ်။ အရင်တစ်ခါ ရွာခဲ့တဲ့မိုးနဲ့ စိုက်ပျိုးခဲ့တဲ့ မြေပဲခင်းတွေအတွက်လည်း အခုရွာတဲ့မိုးက အထောက်အကူကောင်း ဖြစ်ခဲ့ပါတယ် "ဟု ပြောကြားသည်။

 မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အများစုတွင် မိုးဦးသီးနှံအဖြစ် မြေပဲ၊ နှမ်းတို့ကို အဓိက စိုက်ပျိုးလေ့ရှိကြောင်း မြေပဲတွင် သက်နုပင်ထောင်မြေပဲနှင့် သက်ရင့် ပင်ပြန့်မြေပဲတို့ကို စိုက်ပျိုးလေ့ရှိကြောင်း ယခုစိုက်ပျိုးရာသီတွင် ပင်ထောင်မြေပဲ မျိုးဆံတစ်တင်းလျှင် ကျပ် ၆၀၀၀၀ ကျော်နှင့် ပင်ပြန့်မြေပဲ မျိုးဆံတစ်တင်းလျှင် ကျပ် ၁၂၀၀၀၀ ပေါက်စျေးရှိကြောင်း အဆိုပါမြို့နယ်များတွင် မြေပဲနှင့် နှမ်းအပြင် ပဲတီစိမ်း၊ ပဲစင်းငုံ၊ နေကြာ၊ ပြောင်း စသည့်သီးနှံများကိုလည်း စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။