မြန်မာဘက်သို့ပို့မည့် လက်နက်ခဲယမ်းများ မဲဆောက်ဘက် သောင်ရင်းမြစ်ကမ်းစပ်တွင် ဖမ်းဆီးရမိ

မြန်မာဘက်သို့ပို့မည့် လက်နက်ခဲယမ်းများ မဲဆောက်ဘက် သောင်ရင်းမြစ်ကမ်းစပ်တွင် ဖမ်းဆီးရမိ
Published 4 April 2024

မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်မည်ဟု ယူဆရသော လက်နက် ခဲယမ်း မီးကျောက်များ  မဲဆောက်ဘက်၊ မဲ့ကိုကင်းရွာအနီး သောင်ရင်းမြစ် ကမ်းစပ်တွင် ဧပြီ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မဲဆောက်မြို့ရဲတပ်ဖွဲ့က ဧပြီလ ၃ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့နယ် မဲ့ကိုကင်းရွာ သောင်ရင်းမြစ်ဘေး တောစပ်တွင် လက်နက်ခဲယမ်းများ ထည့်ထားသည့် ခရီးဆောင်အိတ်ကို လူနှစ်ဦးက လာယူစဉ် ထိုင်းနယ်ခြားစောင်တပ်ဖွဲ့က ခေါ်ယူစစ်မေး ရာ အိတ်ကိုထားပြီး မြန်မာဘက်သို့ ထွက်ပြေးသွားသည်ဟု ဆိုသည်။

နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ်ခြားထာသည့် မဲ့ကိုကင်းရွာ၏ တစ်ဖက်ကမ်း မြန်မာဘက်တွင် ဖလူးရွာတည်ရှိသည်။ လက်နက် ခဲယမ်းများလာရောက်သယ်ဆောင်သူ နှစ်ဦးသည် မြန်မာနိုင်ငံ ဖလူးရွာ ဘက်သို့ ထွက်ပြေးသွား၍ လူကိုမမိဘဲ ပစ္စည်းများသာ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများမှာ  RPG သုံးလက်၊ ယမ်းတောင့် ၃ တောင့်၊ ၄၀ မမ ၁၀ တောင့်နှင့် ကျည်ဆန  ၈၈၈ တောင့်တို့ ဖြစ်ကြောင်း မဲ ဆောက် ရဲတပ်ဖွဲ့၏ ဧပြီ ၃ ရက်နေ့ နံနက်က ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ 

Most Read

Most Recent