■ နီကိုလက်စ်ဂျက်ဆင်၊ ဒါဝင်နူးနက်ဇ်နဲ့ ဟွိုင်လန်းတို့အကြောင်း     

■ နီကိုလက်စ်ဂျက်ဆင်၊ ဒါဝင်နူးနက်ဇ်နဲ့ ဟွိုင်လန်းတို့အကြောင်း     
Photo: Daily Mail
Photo: Daily Mail
Published 17 May 2024
AK

ဒရော့ဘာက ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံးရာသီမှာ (၁၀) ဂိုးပဲ သွင်းနိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး နီကိုးလက်စ်ဂျက်ဆင်ရဲ့ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံးရာသီ သွင်းဂိုးအရေအတွက်ဟာ (၁၇) ဂိုး ရှိလာပါပြီ။ ကိန်းဂဏန်းတွေကို ကျွန်တော် မုန်းတီးတာ အဲဒါကြောင့်ပါပဲ။ အခုမှတ်တမ်းအရဆိုရင် ဂျက်ဆင်ကပဲ ဒရော့ဘာထက် ပိုပြီးသာလွန်နေသလို ဖြစ်သွားတယ်။ ဂျက်ဆင်ရဲ့အလွဲပေါင်းချုပ်ကို ခွင့်လွှတ်ပေးရမလို ဖြစ်သွားတယ်။ ဂျက်ဆင်ကိုယ်တိုင်ရော သူ့ကိုယ်သူ ခွင့်လွှတ်နေရဲ့လား။ သူ့ရဲ့လွဲချော်မှုတွေအတွက် အခုလိုပြောဖူးတယ်။ "ကျွန်တော် လွဲချော်ခဲ့တဲ့ အခွင့်အရေးတွေထက် ဂိုးတွေပိုသွင်းနိုင်သင့်ပါတယ်။ ကျွန်တော် စိတ်ပျက်တာ ချန်ပီယံလိဂ်ကစားခွင့် မရတာပါပဲ။ အရာအားလုံးမှာ အကြောင်းပြချက် ရှိပါတယ်။ နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်သွားမှာပါ"လို့ ဂျက်ဆင် ပြောခဲ့တာပါပဲ။

 

Most Read

Most Recent