အာတီတာအား လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုရန် အာဆင်နယ် စီစဉ်

အာတီတာအား လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုရန် အာဆင်နယ် စီစဉ်
Photo: X
Photo: X
Published 30 May 2024

အာဆင်နယ်အသင်းသည် အသင်းနည်းပြ အာတီတာအား လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။

အာတီတာ(၄၂ နှစ်)သည် အာဆင်နယ်အသင်းကို ပြီးခဲ့သည့်(၂)ရာသီဆက် ပရီးမီးယားလိဂ်တွင် ဒုတိယရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

အာဆင်နယ်အသင်းနှင့်ချုပ် ဆိုထားသည့် ၎င်း၏လက်ရှိစာချုပ်မှာ ၂၀၂၅ ဇွန်လကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

အာဆင်နယ်အသင်းတာဝန်ရှိသူများသည် အာတီတာ၏စွမ်းဆောင်မှုများကြောင့် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။

အာတီတာသည် လက်ရှိတွင် တစ်နှစ်လစာ ပေါင် (၉)သန်းရရှိနေပြီး စာချုပ်သစ်ချုပ်ဆိုခဲ့ပါက မန်စီးတီးနည်းပြဂွါဒီယိုလာ(တစ်နှစ်လစာ ပေါင်သန်း ၂၀)ကဲ့သို့  ရရှိဖွယ်ရှိကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

 

Most Read

Most Recent