ရာသီသစ်အတွက် အသင့်ဖြစ်ကြပြီလား

ရာသီသစ်အတွက် အသင့်ဖြစ်ကြပြီလား
Photo : Getty Images
Photo : Getty Images
Published 5 August 2024
Wai Yan Aung

ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် လက်ရှိချန်ပီယံ မန်စီးတီးအသင်းက ၆း၄ လေးနဲ့ ရေပန်းအစားဆုံးဖြစ်နေပြီး အာဆင်နယ်က ၁၉း၁၀ လေးနဲ့ ဒုတိယနေရာ၊ လီဗာပူးလ်က ရး၁ လေးနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ စတုတ္ထနေရာက ချယ်လ်ဆီးအသင်း ၂၀း၁ လေးသာ ရရှိတာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီး၊ အာဆင်နယ်နဲ့ လီဗာပူးလ်သုံးသင်းသာ အပြိုင်လုရမယ်လို့ ခန့်မှန်းထားသလိုပါပဲ။ ဒီသုံးသင်းက လက်ရှိအချိန်မှာ အတည်ငြိမ်ဆုံးဖြတ်သန်းနေတဲ့၊ အတောင့်တင်းဆုံးဖွဲ့စည်းထားတဲ့ အသင်းတွေဖြစ်တာကြောင့် တခြားပြိုင်ပွဲဝင်အသင်းတွေထက် အလားအလာပိုကောင်းတယ်လို့ သတ်မှတ်ထားခြင်းလည်း ဖြစ်ပါတယ်။

 

Most Read

Most Recent