အရပ်သားပြည်သူများ ထူထပ်စွာ အခြေချနေထိုင်ရာဒေသ၊ ကျေးရွာများ၊ နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများအား အသုံးပြုကာ စစ်ပွဲဆင်နွှဲခြင်းများကို ရှောင်ရှားပေးရန် ဂျိုင်းမြစ်ဝှမ်းဒေသ မွန်စစ်ဘေးရှောင်ပြည်သူများ တောင်းဆို

အရပ်သားပြည်သူများ ထူထပ်စွာ အခြေချနေထိုင်ရာဒေသ၊ ကျေးရွာများ၊ နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများအား အသုံးပြုကာ စစ်ပွဲဆင်နွှဲခြင်းများကို ရှောင်ရှားပေးရန် ဂျိုင်းမြစ်ဝှမ်းဒေသ မွန်စစ်ဘေးရှောင်ပြည်သူများ တောင်းဆို
မီးလောင်ပျက်စီးခဲ့သည့် ဓမ္မသကျေးရွာအတွင်း တွေ့ရစဉ်  - Photo: CJ
မီးလောင်ပျက်စီးခဲ့သည့် ဓမ္မသကျေးရွာအတွင်း တွေ့ရစဉ်  - Photo: CJ
Published 15 June 2024

အရပ်သားပြည်သူများ ထူထပ်စွာ အ ခြေချနေထိုင်ရာဒေသ၊ ကျေးရွာများ၊ အရပ် သားပြည်သူများ ပိုင်ဆိုင်သည့်အိမ်များ ၊ ဘာ သာရေးအဆောက်အအုံများအား အသုံးပြု ကာ စစ်ပွဲဆင်နွှဲခြင်းများကို ရှောင်ရှားပေးရန် ဂျိုင်းမြစ်ဝှမ်းဒေသ မွန်စစ်ဘေးရှောင်ပြည် သူများတောင်းဆိုထားကြောင်း သိရသည်။

ဇွန်လ ၁၂ ရက်နေ့က မော်လမြိုင်မြို့၊ သာသနာ (၂၅၀၀) မွန်ပရိယတ္တိ ဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့သည့် ဂျိုင်း မြစ်ဝှမ်းဒေသရှိ မွန်ကျေးရွာ ၁၁ ရွာမှ နေရပ် စွန့်ခွာစစ်ဘေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများအား အကူအညီပေးနိုင် ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နေရပ် စွန့်ခွာစစ်ဘေးတိမ်းရှောင်နေကြရ သည့် မွန်စစ်ဘေးရှောင်များက ကြေညာချက် ထုတ်ပြန်ကာတောင်းဆိုထားခြင်းဖြစ် ကြောင်း လည်း သိရသည်။

ထို့အပြင် တရားမဲ့ အကြမ်းဖက်သတ် ဖြတ်ခြင်းများကို ရှောင်ရှားရန်၊ စစ်ဒဏ်သင့် ကျေးရွာများအတွင်း ဖြစ်ပေါ်နေသည့် ခိုးဆိုး လုနှိုက် ဒုစရိုက်မှုများ ကျူးလွန်နေခြင်းကို အရေးယူကိုင်တွယ်ပေးရန်နှင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကူညီဆောင် ရွက်နေသူများအား ခြိမ်းခြောက်နေမှုများကို မပြုလုပ်ရန်မွန်စစ်ဘေးရှောင်များက တောင်း ဆိုထားသည်။

၎င်းင်းအပြင် ယခုကျောင်းဖွင့်ရာသီ၌ လူ အခွင့်အရေး စံချိန်စံညွှန်းများအားလေးစား ကာ  လွတ်လပ်စွာ ပညာ သင်ကြားခွင့်အတွက် မိမိတို့၏ဒေသများရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကြိုးပမ်း လုပ်ဆောင်သွားရန်လည်း တိုက်တွန်းတောင်း ဆိုထားကြောင်း သိရသည်။

လတ်တလော ကော့ဘိန်းအပါအဝင် ကျေးရွာအတော်များများတွင် နေရပ်စွန့်ခွာ စစ်ဘေးရှောင် ဒေသခံပြည်သူတချို့ ပြန် လည် ဝင်ရောက်လာခြင်းများ ရှိနေသော် လည်း ဓမ္မသကျေးရွာကဲ့သို့  မီးလောင်ပျက်စီး ခဲ့သည့် ကျေးရွာများ၌ ဒေသခံစစ်ဘေးရှောင် များအနေဖြင့် ကိုယ့်ရပ်ရွာအား ပြန်လာလို သော်လည်း နေစရာနေရာမရှိသည့် အခက် အခဲများနှင့် ရင်ဆိုင်နေရကြောင်း စစ်ဘေး ရှောင်ဒေသခံပြည်သူတစ်ဦးက ပြောကြား သည်။

၎င်းကဆက်လက်ပြီး “နောက်တစ်ချက် က ကျောင်းဖွင့်တဲ့ကာလကိုရောက်နေတဲ့အတွက် ရွာမှာပြန်နေနေကြတဲ့ ဒေသခံကလေး ငယ်တွေအတွက်ကို စာသင်ကျောင်းတွေက ပြန်မဖွင့်နိုင်သေးတဲ့ အခြေအနေမျိုးတွေဖြစ် နေကြတော့ကျောင်းနေအရွယ် ကလေးတွေ အတွက်ကိုပါ အခက်အခဲတွေကရှိနေတယ်” ဟု ပြောကြားသည်။

ထို့အပြင် စျေးရောင်းစျေးဝယ်မှ အစ၊ လယ်ယာလုပ်ငန်းခွင်အထိ လုပ်ငန်းကိုင်ငန်း များ နှင့် ပတ်သက်၍လည်း အဆင်မပြေတော့ ကြောင်းနှင့် စိတ်ချရသည့်အနေအထားမျိုးမရှိတော့သည့်အတွက်ကြောင့် စားဝတ်နေ ရေး အတွက် အခက်အခဲများ၊ အများကြီးကြုံ တွေ့လာနိုင်ကြောင်းလည်း နေရပ်စွန့်ခွာ စစ် ဘေးရှောင် ဒေသခံပြည်သူများက ဆိုကြ သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစကာ မွန် ဒေသတွင် လက်နက်ကိုင်တိုက်ပွဲ အရှိန်မြင့် မား လာပြီး ထိုမှတစ်ဆင့် မတ်လ ၂၄ ရက်နေ့ ၌ ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်ကျေးရွာ ၂၀ ခန့် စစ်ဘေးဒဏ်အပြင်းအထန်ခံစားခဲ့ရ ကြောင်း၊ ထိုစစ်ဘေးဒဏ်သည် မွန်ဒေသတွင် ကြုံတွေ့ ခံစားခဲ့ရသည့် စစ်ဒဏ်များအနက် အပြင်း ထန်ဆုံးသော စစ်ဒဏ်သင့်မှုဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရ သည်။

ထိုစစ်ဒဏ်ကြောင့် ဂျိုင်းမြစ်ဒေသတစ် ဝန်းရှိကျေးရွာများမှ အိမ်ခြေ ၄၁၆ လုံး မီး လောင်ပျက်စီးခဲ့ရကာ ပြည်သူ ၅၀၀၀၀ ခန့် စစ်ဘေးဒဏ်သင့်ခဲ့ရကြောင်းနှင့် တိုက်ပွဲဖြစ် ပွားရာနေရာအနီးအနားဂျိုင်းမြစ်တစ် လျှောက် ရှိ ကျေးရွာ ၁၁ ရွာခန့်မှပြည်သူများသည် မိမိ တို့၏ နေရပ်အိုးအိမ်များကို စွန့်ခွာကာ အများ အပြားမှာ စစ်ဘေးရှောင်များ ဖြစ်လာခဲ့ကြ ရကြောင်း သိရသည်။              

 

Most Read

Most Recent