လီဗာပူးလ် စွန့်စားရကျိုးနပ်မလား

လီဗာပူးလ် စွန့်စားရကျိုးနပ်မလား
Photos: X
Photos: X
Published 7 September 2024
AK

လက်ရှိနည်းပြ သီယာဂိုမော့တာက တောင်ပံတိုက်စစ်ကစားဟန်ကို အဓိကအားပြုပါတယ်။ ဒါပေမဲ့ ဒဏ်ရာပြဿနာနဲ့ရင်းနှီးကျွမ်းဝင်လွန်းတဲ့ ချီယေဆာက သူ့ရဲ့High Pressing ဟန်မှာ အဆင်မပြေနိုင်ဘူးလို့လည်း မော့တာယူဆခဲ့တယ်။ ချီယေဆာကို ရိုးမားက လိုချင်ပေမယ့် ကစားသမားဖြစ်သူရဲ့ ချန်ပီယံလိဂ်ကစားလိုစိတ်ကြောင့် ရေစက်မဆုံခဲ့ဘူး။ ဘာစီလိုနာကလည်း ကမ်းလှမ်းချင်ပေမယ့် ဘဏ္ဍာရေးပြဿနာကြောင့် အဆင်မပြေပြန်ဘူး။ ပြီးခဲ့တဲ့ရာသီစီးရီးအေမှာ ၃၃ ပွဲအထိ ချီယေဆာကစားခွင့်ရလို့ ကြံ့ခိုင်မှုအခြေအနေ ပြန်လည်တည်ငြိမ်လာပါပြီ။ ဂျူဗင်တပ်စ်အတွက် ၁၀ ဂိုးသွင်းပြီး အခွင့်အရေးဖန်တီးမှု ၆၁ ကြိမ်နဲ့ လိမ် ခေါက်ကျော်ဖြတ်မှု ၃၉ ကြိမ်အထိရှိခဲ့တာလည်း ကျေနပ်စရာစွမ်းရည်ပါ။ အယ်လ်ဘေးနီးယားနဲ့ ယူရို၂၀၂၄ ပွဲမှာလည်း ချီယေဆာကအကောင်းဆုံး ကစားသမားဆုရခဲ့ပါသေးတယ်။ အဲဒီပွဲအပြီးမှာ ချီယေဆာက "ဒဏ်ရာပြဿနာက ကျွန်တော့်ရဲ့ ကစားသမားဘဝကို အရှိန်လျော့ကျစေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်အများကြီးသင်ယူနိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ကစားပုံအပြောင်းအလဲရှိခဲ့ပေမယ့် အမြန်နှုန်းလျော့ကျမသွားခဲ့ဘူး။ ကျွန်တော့်ရဲ့ အကောင်းဆုံးပုံစံပြန်ရလာတော့မယ်"လို့ ပြောဖူးပါတယ်။

 

Most Read

Most Recent