ဘာတီမိုး တံတားပြိုကျရာတွင် သေဆုံးသွားပြီဟု ယူဆရသူ ခြောက်ဦးအား ရှာဖွေမှုကို ရပ်ဆိုင်း

ဘာတီမိုး တံတားပြိုကျရာတွင် သေဆုံးသွားပြီဟု ယူဆရသူ ခြောက်ဦးအား ရှာဖွေမှုကို ရပ်ဆိုင်း
Published 27 March 2024

ကုန်အပြည့်တင်ထားသော ကုန်သင်္ဘောက ဘာတီမိုးတံတားကို ဝင်တိုက်ခဲ့သဖြင့် ဘာတီမိုး တံတားပြိုကျကာ အမေရိကန်၏ အသွားအလာအများဆုံး ဆိပ်ကမ်းတစ်ခု ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပြီးနောက် ပျောက်ဆုံးသွားသော လူခြောက်ဦးအား ရှာဖွေနေမှုကို မတ် ၂၆ ရက်တွင် အာဏာပိုင်များက ရပ်ဆိုင်းထားသည်။

“အခု ရှာဖွေမှုမှာ ကျွန်တော်တို့ ခရီး ပေါက်ခဲ့တဲ့ အချိန်အတိုင်းအတာနဲ့ကျွန်  တော်တို့ အားထည့်ထားတဲ့အပြင်းအထန် ရှာဖွေမှုတို့ကိုအခြေခံပြီးပြောရမယ်ဆိုရင် ရေပြင် အပူချိန်ဟာ အခုချိန်မှာ အသက်ရှင် နေဆဲလူတွေကို ကျွန်တော်တို့ရှာနိုင်မယ်လို့  မယုံကြည်ရတဲ့အနေအထားဖြစ်နေပါတယ်” ဟု အမေရိကန် ကမ်းခြေစောင့်တပ်၏ရေ တပ်ဗိုလ်ချုပ် ရှန်နွန်ဂီးလ်ရက်က ညပိုင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။

 သေဆုံးသွားပြီဟု ယူဆရသူ ခြောက်ဦး သည် သန်းခေါင်ကျော်ပြီးမကြာမီ သင်္ဘောက တံတားကို ဝင်တိုက်ချိန်၌  ဖရန်ဆစ်စကော့ကီးတံတားပေါ်က ကျင်း၊ ချိုင့်များကို ပြင်ဆင်နေကြသော ညဆိုင်း ဆောက်လုပ် ရေးအဖွဲ့၏ အဖွဲ့သားများဖြစ်သည်။ 

အပူချိန်များနှင့် ရေစီးကြောင်းများ သည် ရေငုပ်သမားများ ရေအောက်တွင် ဆက်လက် အလုပ်လုပ်ရေးကို အခက်အခဲ တွေ့စေခဲ့သည်ဟု မယ်ရီလန်းပြည်နယ်ရဲ တပ်ဖွဲ့မှူး ရိုလန်ဘတ်တလာက ပြောသည်။

စင်ကာပူအလံတင်ထားသော ကုန်သ င်္ဘောက ဝင်တိုက်ခဲ့ခြင်းကြောင့် မတ် ၂၆ ရက်တွင် အမေရိကန်မြို့ ဘာတီမိုးက မြစ် ကူးတံတား ကြီးတစ်စင်း ပြိုကျခဲ့ရာတံတား အောက်သို့ ကားများနှင့်လူ ၂၀ ထိုးကျသွား ခဲ့သည်။

လက်ရှိအချိန်ထိ အသက်ရှင်သူနှစ်ဦးကို ကယ်တင်ထားရာ တစ်ဦးမှာ အလွန်စိုးရိမ်ရ သည်ဟု ကယ်ဆယ်ရေးသမားများက ပြော ကြားသည်။



Most Read

Most Recent