ဘားအံမြို့တွင် အမျိုးသားတစ်ဦး သံလွင်မြစ် အတွင်းသို့ ခုန်ချ သေဆုံးမှု ဖြစ်ပွား

ဘားအံမြို့တွင် အမျိုးသားတစ်ဦး သံလွင်မြစ် အတွင်းသို့ ခုန်ချ သေဆုံးမှု ဖြစ်ပွား
Photo  - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)
Photo  - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)
Published 6 March 2024

ဘားအံမြို့နေ အမျိုးသားတစ်ဦးမှာ သံလွင်မြစ်အတွင်းသို့ ခုန်ချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဘားအံမြို့ခံများထံမှ သိရသည်။

သံလွင်မြစ်အတွင်းသို့ ခုန်ချကာ အဆုံးစီရင်ခဲ့သူ အမျိုးသားမှာ ဘားအံမြို့၊ အမှတ် (၂) ရပ်ကွက်၊ ဈေးတန်းလမ်းနေ အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း၊ ၎င်းမှာ မတ်လ ၄ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ဘားအံမြို့ ရေအရင်းအမြစ်ရုံးအနောက်ဘက် သံလွင်မြစ်အတွင်းသို့ ခုန်ချသွားခြင်းဖြစ်သည်ဟု သိရကြောင်း ဘားအံမြို့ခံတစ်ဦးက ပြောကြားသည်။

 “ငါ့ကိုအားလုံး ခွင့်လွတ်ပေးကြပါ၊ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ် ဟု facebook ပေါ်တွင် Post တင်ခဲ့ကြောင်း နှင့် ညနေပိုင်းရောက်တော့ ဘားအံ ကမ်းနားမှာ အမျိုးသားတစ်ယောက် ရေထဲခုန်ချသွားတယ်ဆိုပြီး သတင်းတွေ တက်လာတာကို တွေ့ရတယ် ဟု သူငယ်ချင်းတစ်ဦးမှ ပြောကြားသည်။

သံလွင်မြစ်အတွင်းသို့ ခုန်ချသွားသူအမျိုးသားအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ Rescue Team ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ) မှ ရေငုတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ - ကရင်ပြည်နယ်)၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ - ကမော့ကစင်) ၊ မာဃ လူမှုကူညီရေးအသင်း နှင့် ရပ်ကွက်နေပြည်သူများမှ ည (၆) နာရီခွဲအချိန်ခန့်မှ စတင်ကာ ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ထို့နောက် သံလွင်မြစ်အတွင်းသို့ ခုန်ချသွားသူအမျိုးသား၏ ရုပ်အလောင်းအား ည ၈ နာရီခန့်တွင် ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent