ကချင်ပြည်နယ်တွင် မတ်လဆန်းပိုင်းက တိုက်ပွဲများ ပြန်လည်ပြင်းထန်လာမှုကြောင့် မြို့နယ် ၁၀ မြို့နယ်၌လူပေါင်း ၁၈၀၀၀ ကျော် အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရ

ကချင်ပြည်နယ်တွင် မတ်လဆန်းပိုင်းက တိုက်ပွဲများ ပြန်လည်ပြင်းထန်လာမှုကြောင့် မြို့နယ် ၁၀ မြို့နယ်၌လူပေါင်း ၁၈၀၀၀ ကျော် အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရ
ဗန်းမော်မြို့သို့ စစ်ဘေးတိမ်းရှောင်လာသူများကို တွေ့ရစဉ်
ဗန်းမော်မြို့သို့ စစ်ဘေးတိမ်းရှောင်လာသူများကို တွေ့ရစဉ်
Published 31 March 2024

ကချင်ပြည်နယ်တွင် မတ်လဆန်းပိုင်းက တိုက်ပွဲများ ပြန်လည်ပြင်းထန်လာမှုကြောင့် မြို့နယ် ၁၀ ခုမှ လူပေါင်း ၁၈၀၀၀ ကျော် အိုး အိမ်စွန့်ခွာတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က ထုတ်ပြန်သည့် အာရှနှင့်ပစိ ဖိတ်ဒေသ - အပတ်စဉ် လူသားချင်းစာနာမှု ဆိုင်ရာအခြေအနေများ အကျဉ်းချုပ် (၁၉-၂၅ မတ် ၂၀၂၄) တွင် ဖော်ပြထားချက်အရ  သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ တစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အ များအပြား၌ တပ်မတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့မျိုးစုံအကြား ပြင်းထန်သည့်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုနှင့်အတူ အရပ်သား ပြည်သူများသည်လည်း လက်နက်ကိုင် ပဋိ ပက္ခဒဏ်ကို ဆက်လက်ခံစားနေကြရကြောင်း ဖော်ပြထားသည်။

ကချင်ပြည်နယ်တွင် မတ်လဆန်းပိုင်းက တည်းက တိုက်ပွဲများပြန်လည်ပြင်းထန်လာ မှုကြောင့် မြို့နယ် ၁၀ ခု၌ လူပေါင်း ၁၈၀၀၀ ကျော် အိုးအိမ်စွန့်ခွာကာ တိမ်းရှောင်နေရ ကြောင်း၊         စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင်သည့် တိုက် ပွဲများကြောင့် မုံရွာမြို့နယ်တွင် အရပ်သား ၂၅၀၀၀ ခန့်နှင့် ကလေးမြို့နယ်တွင် လူပေါင်း ၂၈၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဖော် ပြထားသည်။

ရခိုင်ပြည်နယ်၌လည်း AA နှင့် တပ်မ တော်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာလကတည်း က အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးနောက် ပိုင်း ရခိုင်ပြည်နယ်တွင် လူပေါင်း ၁၄၈၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရသည်ဟု ခန့်မှန်းရကြောင်း၊ ထောက်ပံ့ရေးပစ္စည်းများ လျော့နည်းလာမှုကြောင့် ယာယီရွှေ့ပြောင်းစ ခန်းများတွင် နေထိုင်နေရသူများအတွက် အ စစအရာရာ ရှားပါးနေသည့်ကာလ၌ တိုက် ပွဲရှောင်စခန်းများတွင် သောက်သုံးရေရှား ပါးမှုမှာလည်း အဓိကစိုးရိမ်စရာဖြစ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က ထုတ်ပြန်သည့် အာရှနှင့်ပစိ ဖိတ်ဒေသ - အပတ်စဉ် လူသား ချင်းစာနာမှု ဆိုင်ရာအခြေအနေများ အကျဉ်း ချုပ် (၁၉-၂၅ မတ် ၂၀၂၄) တွင် ဖော်ပြထား ချက်အရ သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူဦးရေမှာ ၂ ဒသမ ၈ သန်း ကျော်လွန်လာနေပြီး ၎င်းတို့ထဲမှ လူဦးရေ ၂ ဒသမ ၅ သန်း‌ကျော်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီဖြစ်စဉ်အပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေး ကြရသူများဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံတစ် ဝန်းရှိ လူပေါင်း ၁၈ ဒသမ ၆ သန်းက လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီများလိုအပ် လျက်ရှိပြီး အခြေခံလိုအပ်ချက်များ ပြည့်မီနိုင် စွမ်းကို ထိခိုက်သည့် ငွေကြေးဖောင်းပွမှု မြင့် တက်လာခြင်း၊ ပဋိပက္ခနှင့်မလုံခြုံမှုများ၊ အရပ် သားဘေးကင်းလုံခြုံရေးနှင့်အကာအကွယ်ရရှိမှု အန္တရာယ်များကြားတွင် ရှင်သန်နိုင်ရန် ရုန်း ကန်နေရဆဲဖြစ်ကြောင်း UNOCHA က ထုတ် ပြန်ထားသည်။

Most Read

Most Recent