ဒေါ်လာသန်း ၁၃၀ တန်ကြေးရှိ ရန်ကုန်မြို့လယ် မီးရထားရုံးချုပ်နေရာဟောင်းတွင် ဆောက်လုပ်မည့် ပင်နီဆူလာ ဟိုတယ်စီမံကိန်း ဆက်လက်ရပ်တန့်နေ

ဒေါ်လာသန်း ၁၃၀ တန်ကြေးရှိ ရန်ကုန်မြို့လယ် မီးရထားရုံးချုပ်နေရာဟောင်းတွင် ဆောက်လုပ်မည့် ပင်နီဆူလာ ဟိုတယ်စီမံကိန်း ဆက်လက်ရပ်တန့်နေ
(Photo by Yuichi Nitta) - nikkei asia
(Photo by Yuichi Nitta) - nikkei asia
Published 23 March 2024

ဒေါ်လာသန်း ၁၃၀ တန်ကြေးရှိ ရန်ကုန်မြို့လယ် မီးရထားရုံးချုပ်နေရာဟောင်းတွင် ဆောက်လုပ်မည့် ပင်နီဆူလာ ဟိုတယ်စီမံ ကိန်း ဆက်လက်ရပ်တန့်နေသေးကြောင်း Nikkei Asia က သတင်းဖော်ပြထားသည်။

ရန်ကုန်မြို့လယ်တွင် တည်ရှိသည့် အဆို ပါဟိုတယ်စီမံကိန်းအား စင်ကာပူစတော့ အိတ်(စ)ချိန်းစာရင်းဝင် ရိုးမ မဟာဗျူဟာ ဦးပိုင်၊ ရန်ကုန်စတော့အိတ်(စ)ချိန်းစာရင်းဝင် ပထမမြန်မာရင်းနှီးမြှုပ်နှံမှု FMI နှင့် ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်လုပ်ငန်းစု တို့က ဖက်စပ်လုပ်ကိုင်နေခြင်းဖြစ်သည်။

ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်လုပ် ငန်းစုက ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ကျန်ရှိသည့် ရာခိုင်နှုန်းများကို  ရိုးမမဟာဗျူဟာ ဦးပိုင်ဘက် က ပိုင်ဆိုင်ထားသည်။

စီမံကိန်းနှင့် ပတ်သက်ပြီး ဟောင်ကောင် နှင့် ရှန်ဟိုင်းဟိုတယ်လုပ်ငန်းစု (HSH Group) က ပင်နီဆူလာရန်ကုန်ဟိုတယ်စီမံကိန်းကို ရပ်ဆိုင်းထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည် ဟု Nikkei Asia က သတင်းဖော်ပြထား သည်။

HSH Group  ၏ စီအီးအို Clement Kwok က “လောလောဆယ်မှာ ဟိုတယ်ပြီး အောင် လုပ်ဖို့ ပတ်ဝန်းကျင်က သင့်တော်မယ် မထင်ဘူး။ မြေပြင်အခြေအနေက အတန်ငယ် မသေချာမှုနဲ့ အနည်းငယ် ခန့်မှန်းရခက်တယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းတွင် အခန်းပေါင်း ၈၈ ခန်းပါရှိမည့် ဟိုတယ်စီမံကိန်းဖြစ်ပြီး စီမံကိန်း ကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ကာ ၂၀၂၂ ခုနှစ်တွင် ပြီးစီးမည်ဟု ယူဆခဲ့သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

 

Most Read

Most Recent