မိုင်းဖုန်းဆရာတော်အား ထိုင်းဘုရင် လာရောက်ဖူး‌မြော်

မိုင်းဖုန်းဆရာတော်အား ထိုင်းဘုရင် လာရောက်ဖူး‌မြော်
Published 1 April 2024

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရအား ထိုင်းဘုရင် မဟာဝဇီယာလောင်ကွန်းနှင့် မိဖုရားတို့ မတ် ၃၀ ရက်တွင် လာရောက်ဖူးမျှော်ကန်တော့ခဲ့ကြောင်း ထိုင်းနိုင်ငံချင်းရိုင်ခရိုင် ပြည်သူ့ဆက်ဆံရေးရုံးက ထုတ်ပြန်သည်။

မိုင်းဖုန်းဆရာတော်မှာ လက်ရှိတွင် ထိုင်းနိုင်ငံချင်းရိုင်ခရိုင်တွင် သီတင်းသုံးနေခြင်းဖြစ်သည်။

လာရောက်ဖူး‌မြော်ခဲ့သည့် ထိုင်းဘုရင်နှင့် မိဖုရားတို့အား ဆရာတော်က ဗုဒ္ဓဆင်းတုတော်များ ချီးမြှင့်ပေးခဲ့သည်ဟု သိရသည်။

မိုင်းဖုန်းဆရာတော်အား မြန်မာနိုင်ငံဘက်မှသာမက ထိုင်းနိုင်ငံဘက် ကြည်ညိုသူများလည်းရှိပြီး လက်ရှိတွင် ထိုင်းဘုရင်နှင့် မိဖုရားက လာရောက်ဖူး‌မြော်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ဆရာတော်မှာ ထိုင်းနိုင်ငံတွင် ကျန်းမာရေးစောင့် ရှောက်မှုခံယူခဲ့ရဖူးသည်။

၂၀၁၈ ခုနှစ်တွင် ချင်းရိုင်ခရိုင်ရှိ ဂူအတွင်း ပိတ်မိနေသည့် တောဝက်ဘောလုံးအသင်းမှ ကလေးငယ်များပိတ်မိသည့် ဖြစ်စဉ်တွင် ကလေးငယ်များကို အသက်ရှင်လျက် တွေ့ရှိရမည်ဟု ဆရာတော်က မိန့်ကြားခဲ့ဖူးသည်။

Most Read

Most Recent