ဘားအံမြို့နယ် ဒူရိန်ကျေးရွာရှိ ကွမ်ဖော်ကားကူးဆိပ်ကမ်းတွင် မော်တော်ယာဉ်တစ်စီး လှိုင်းဘွဲ့ချောင်းအတွင်း ထိုးကျမှုဖြစ်ပွားပြီး ယာဉ်မောင်းပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရ

ဘားအံမြို့နယ် ဒူရိန်ကျေးရွာရှိ ကွမ်ဖော်ကားကူးဆိပ်ကမ်းတွင် မော်တော်ယာဉ်တစ်စီး လှိုင်းဘွဲ့ချောင်းအတွင်း ထိုးကျမှုဖြစ်ပွားပြီး ယာဉ်မောင်းပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရ
တိုက်ပွဲဖြစ်ပွားမှုကြောင့် သင်္ဃန်းညီနောင်မှနေအိမ်များ ပျက်စီးခဲ့စဉ်
တိုက်ပွဲဖြစ်ပွားမှုကြောင့် သင်္ဃန်းညီနောင်မှနေအိမ်များ ပျက်စီးခဲ့စဉ်
Published 6 April 2024

ဘားအံမြို့နယ် ဒူရိန်ကျေးရွာရှိ ကွမ် ဖော်ကားကူးဆိပ်ကမ်းတွင် ဧပြီလ ၅ ရက် ညနေပိုင်းအချိန်က မော်တော်ယာဉ်တစ်စီး လှိုင်းဘွဲ့ချောင်းအတွင်းသို့ ထိုးကျမှုဖြစ်ပွား ခဲ့ပြီး ယာဉ်မောင်းမှာ ပျောက်ဆုံးနေဆဲဖြစ် ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံခရိုင်) ထံမှ သိရသည်။

ဧပြီလ ၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ကရင်ပြည်နယ် ဘားအံမြို့ နယ် ဒူရိန်ကျေးရွာရှိ ကွမ်ဖော်ကားကူး ဆိပ် တွင်  Toyota High Ace

အမျိုးအစား မော်တော်ယာဉ်တစ်စီးမှာ ဒေါ်လန်းကျေးရွာဘက်ခြမ်းသို့ ကမ်းကူးရန် ကမ်းနားဘက်သို့ ဆင်း လာစဉ် ဘရိတ်ပေါက်ကာ မော်တော်ယာဉ်မှာ လှိုင်းဘွဲချောင်းအတွင်းသို့ ထိုးကျမှုဖြစ်ပွားခဲ့သည်ဟု သိရကြောင်း မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (ဘားအံခရိုင်) မှ တာဝန် ရှိသူတစ်ဦးက ပြောကြးသည်။

၎င်းကဆက်လက်ပြီး “ချောင်းထဲကို ထိုးကျသွားတဲ့ ကားကိုတော့ မနေ့ (ဧပြီလ ၅ ရက်) ည ၇ နာရီ ၄၅ မိနစ်အချိန်လောက်မှာ မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ဘားအံခရိုင်)က ရေငုပ်ရှာဖွေကယ်ဆယ် ရေးအဖွဲ့က ချောင်းထဲမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကားကို ချောင်းထဲကနေ ပြန်လည် ဆယ်ယူနိုင်ဖို့ ကြိုးချည်တာတွေကို ရေငုပ် လုပ်ဆောင်ပေးခဲ့ပြီးနောက်၊ ည ၁၂ နာရီအ ချိန် မှာတော့ ကားကို ကမ်းပေါ်ကို ပြန်လည် ဆယ်ယူနိုင်ခဲ့ပါတယ်”  ဟု ပြောကြားသည်။

ထိုလှိုင်းဘွဲ့ချောင်းမှာ ဂျိုင်းမြစ်၏ မြစ် လက်တက် ချောင်းမကြီးတစ်ခုဖြစ်ပြီး ရေ တက် ရေကျရှိသည့်အတွက်ကြောင့် ကား သမား မှာ ရေစီးနှင့်မျောပါသွားနိုင်ခြေရှိ ကြောင်းနှင့် ထိုကားသမားအား ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ၎င်းင်းကဆိုသည်။

အဆိုပါ ကွမ်ဖော်ကားကမ်းကူးဆိပ်မှာ ဘားအံ - ဒေါ်လန်း ကားလမ်းမှတစ်ဆင့် ထို့ကော်ကိုးလမ်းအတိုင်း  မြဝတီဘက်သို့ သွားလာ၍ရသည့်လမ်းပေါ်တွင်ရှိသည့် ကား ကူးဆိပ်တစ်ခုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ကရင်ပြည်နယ် ဘားအံမြို့ နယ် ဝဲကရင်ကျေးရွာအုပ်စု ရွာသစ်ကုန်း ကျေးရွာရှိ သမတ်ကွေ့ကူးတို့ဆိပ်မှ ဖောင် ကူးတို့ဖြင့် ကူးစဉ် Probox  ယာဉ်တစ်စီးမှာ လှိုင်းဘွဲ့ချောင်းအတွင်းမတော်တဆပြုတ်ကျခဲ့ရာမှ အမျိုးသားနှစ်ဦး သေဆုံးခဲ့ရသေး ကြောင်း သိရသည်။

 

 

 

Most Read

Most Recent